လက်ကလေးရဲ့မီးပြတိုက်

လုံမ

800 Kyats ကျပ်
အုပ်စုလိုက်တွေရော၊ နှစ်ယောက်တစ်တွဲ၊ တစ်ယောက်ချင်းတွေရော၊ ယောက်ျား မိန်းမတွေ သူ့စည်းချက်နဲ့သူ ကခုန်ပျော်ပါးနေကြတဲ့ မြင်ကွင်းက နှိုင်းမရဆိုတဲ့ လူတစ်ယောက်အတွက် ငယ်ငယ်ကတည်းက ရိုးအီအောင် မြင်လာရတဲ့ မြင်ကွင်း။ နှိုင်းမရရဲ့ ဖေဖေက သူ့ကို ငယ်ကတည်းက ဒီလိုနေရာတွေဆီ ခေါ်လာခဲ့တာ။ ယောက်ျားဆိုတာ မလုပ်တတ်တာ မရှိရဘူး။ ဘယ်ကိစ္စမဆို သိထားတတ်ထားရမယ် ဆိုတဲ့ ဖေဖေ့ သင်ပြမှုတွေနဲ့အတူ အရွယ်ရောက်လာတဲ့ နှိုင်းမရ။ မေမေ သူတို့သားအဖကို စွန့်ပစ်သွားပြီးကတည်းက သူတို့သားအဖ စိတ်တူကိုယ်တူနဲ့ ပျော်သလို နေခဲ့ကြတာပဲ။ ဒါကြောင့်လည်း နှိုင်းမရဆိုတာ ရည်းစားရှုပ်ပွေသူ၊ ဘဝကို ပေါ့ပေါ့ပါးပါးနဲ့ ပျော်အောင် နေထိုင်နေသူအဖြစ် ကျော်ကြားနေတာပေါ့။ ဒီလို လူတစ်ယောက်ရဲ့ ဘဝကို မီးပြတိုက်တစ်ခုလို အလင်းရောင်ပေးမယ့် မိန်းကလေးတစ်ယောက်က ဘယ်လိုအခြေအနေနဲ့ နှိုင်းမရဘဝထဲ ဝင်လာလေမလဲ။