မကြုံဖူးလို့ချစ်မိတာပါ

လုံမ

800 Kyats ကျပ်
ခွန်းတုံ့ဇော် ဆိုတဲ့ မိန်းကလေးက သူဌေးသမီးလေးပေမဲ့ ပျော်ပျော်နေတတ်တယ်။ စေတနာကောင်းတယ်။ သူငယ်ချင်းတွေကို သိတတ်တယ်။ ဒါပေမဲ့ နည်းနည်းတော့ ဇွတ်တရွတ်ဆန်တဲ့ စိတ်လေး ရှိတဲ့သူ။ ခွန်းတုံ့နဲ့ အတွဲဆုံးကတော့ မီမီခိုင်ပဲ။ ခွန်းတုံ့ရဲ့ စိတ်ကို မီမီခိုင်က အသိဆုံး။ ပြီးတော့ သူငယ်ချင်းတွေအပေါ် ဆိုးတတ်ပေမဲ့လည်း ခွန်းတုံ့က အနစ်နာခံ ပေါင်းတတ်တဲ့ စေတနာလေးရှိတော့ သူငယ်ချင်းတွေက ချစ်ကြပါတယ်။ တစ်နေ့မှာ ခွန်းတုံ့နဲ့ မီမီခိုင်တို့ အပြင်ကပြန်လာရင်း လမ်းမှာ နတ်ကနားပွဲတစ်ပွဲကို ဝင်ကြည့်ဖြစ်ကြတယ်။ ခွန်းတုံ့က နတ်ကနားပွဲဆိုရင် ငယ်ငယ်တည်းက အသည်းအသန် ဝါသနာကြီးသူ။ အဲဒီ နတ်ကနားပွဲကို ဝင်ကြည့်မိလိုက်ရာက စပြီး ခွန်းတုံ့ဇော်ဆိုတဲ့ ရင်မခုန်ဖူးသူ မိန်းကလေးရဲ့ဘဝထဲ ရင်ခုန်စရာတွေ ပေးစွမ်းလာမယ့် လူတစ်ယောက်နဲ့ ကြုံဆုံခဲ့ရပါတော့တယ်။