အခ်စ္ကဒီလိုလား

ရှင်မီထယ်

600 Kyats ကျပ်
‘ရင်ထဲက အချစ်တွေက၊ မာနတွေအောက်မှာ ညှိုးမှိန်ပျောက်ကွယ်သွားတာဟာ ယောကျာ်းတစ်ယောက်အတွက် ကံအဆိုးဆုံးဖြစ်ပြီး အခြား ယောကျာ်းတစ်ယောက်အတွက် ကံအကောင်းဆုံး ဖြစ်သွားပါတော့တယ်’ … ဆိုတဲ့ ချယ်ရီမေ။ ‘သူ့ကို ဒီလောက်အထိ ရက်စက်တတ်တဲ့ မိန်းမတစ်ယောက်လို့ ကျွန်တော် မထင်ခဲ့ပါဘူး။ ဒါပေမဲ့ သူဟာ ကျွန်တော် ထင်မထားလောက်အောင် ကျွန်တော့်အသည်းကို စနစ်တကျ လှလှပပ ခွဲသွားခဲ့ပါတယ်။ တစ်နည်းအားဖြင့် ကျွန်တော့်ကို လက်စားချေတာပေါ့ဗျာ’ … ဆိုတဲ့ ရွှေနေမင်း။ ရိုးသားပြီး အေးအေးဆေးဆေး ငြိမ်ငြိမ်သက်သက် နေတတ်တဲ့ ယောက်ျားတစ်ယောက်နဲ့ သွက်လက်ထက်မြက်တဲ့ မိန်းမတစ်ယောက်တို့အကြားက နှလုံးသား ကစားပွဲကို ပုံဖော်ထားတဲ့ တက္ကသိုလ်နောက်ခံ အချစ်ဇာတ်လမ်းတစ်ပုဒ်။ ထူးခြားတာကတော့ ရွှေနေမင်းမှာ ရုပ်ချင်းခွဲမရအောင် တူတဲ့ အမြွှာညီအစ်ကိုတစ်ယောက် ရှိနေခဲ့တာကတော့ ဇာတ်လမ်းရဲ့ လှည့်ကွက်တစ်ခုပဲ ဖြစ်ပါလိမ့်မယ်။