ဝန်ခံပါတယ်

ရှင်မီထယ်

600 Kyats ကျပ်
‘ငါကလည်း မင်းကို ဝန်ခံပါတယ် … မင်းကို ငါ မုန်းမယ်ဆိုတဲ့ အချိန်ကလေ … ကမ္ဘာမြေပြင်ပေါ်မှာ နေမင်းကြီး မလင်းလက်တော့တဲ့အချိန် … ကြယ်တာရာတွေ မိုးကောင်းကင်မှာ မရှိတော့တဲ့အချိန် … ဖိုးလမင်းကြီး မိုးပေါ်က ပြုတ်ကျသွားတဲ့အချိန်မှသာ ငါ့ရဲ့ အမုန်းတွေ ရှိချင်ရှိမယ် …’ ဆိုတဲ့ နိဒါန်းအဖွင့်နဲ့ ဒီဇာတ်လမ်းလေးမှာ ဘယ်သူက ဘယ်သူ့ကို ဘယ်လို ခံစားမှုတွေနဲ့ ဝန်ခံမှာလဲ … စိတ်ဝင်စားစရာပါပဲနော်။ ဇာတ်လမ်းအစက ဒီလို … ကုမ္ပဏီတစ်ခုမှာ အလုပ်လာလျှောက်တဲ့ ရွှေကူးမာန် ဆိုတဲ့ ကောင်မလေးဟာ ကုမ္ပဏီထဲ ဝင်ဝင်ချင်းမှာ ခပ်သုတ်သုတ် ထွက်လာတဲ့ အမျိုးသားတစ်ယောက်နဲ့ ဝင်တိုက်မိခဲ့တယ်။ ဝင်တိုက်ပြီး အဖက်မလုပ် ဆက်ထွက်ဖို့ပြင်တဲ့ အဲ့ဒီလူကို ရွှေကူးက ဒေါသတကြီး ရန်တွေ့ခဲ့တယ်။ အဲ့ဒီလူကတော့ ဘာမှ ပြန်မပြောဘဲ ရေးကြီးသုတ်ပြာနဲ့ ထွက်သွားတာမို့ ရွှေကူးလည်း စိတ်တိုတိုနဲ့ ကုမ္ပဏီထဲ ဝင်လာခဲ့တယ်။ အလုပ် အင်တာဗျူးဖြေပြီး အလုပ်ခန့်လိုက်တာမို့ ဒေါသတွေပြေပြီး အလုပ်စဝင်ဖို့ ပြင်ဆင်ချိန်မှာပဲ ရုံးခန်းထဲ ဝင်လာတဲ့ ကုမ္ပဏီပိုင်ရှင် သူဌေးဆိုသူကြောင့် ရွှေကူး မျက်လုံးပြူးသွားရတယ်။ ရွှေကူး ကတ်ကတ်လန်အောင် ရန်တွေ့ခဲ့တဲ့ အမျိုးသားက ဒီကုမ္ပဏီရဲ့ ပိုင်ရှင်သူဌေး ဖြစ်နေတယ်လေ။ ဒီနောက်မှာတော့ … ရန်ပွဲနဲ့ စတင်ခဲ့တဲ့ သူတို့ရဲ့ ဇာတ်လမ်းလေး ဘယ်လို ရှေ့ဆက်မလဲဆိုတာကို ဒီစာအုပ်ထဲမှာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ဖတ်ရှုကြည့်လိုက်ပါဦးနော်။