စာအုပ္သူခုိး

ရာပြည့်

1500 Kyats ကျပ်
မူရင်း စာအုပ်ကို သြစတြေးနိုင်ငံသား စာရေးဆရာ ‘Markus Zusak' ရေးသားထားတဲ့ ဖြစ်ပြီး မြန်မာဘာသာသို့ ဆရာ " ရာပြည့်"က ပြန်ဆိုထားပါတယ်။ ဒုတိယ ကမ္ဘာစစ်ရဲ့ဒဏ်ကို ခံရတဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်တဲ့ ဂျာမဏီနိုင်ငံကို နောက်ခံထားပြီး ဒီဝထ္ထုကို ချယ်မှုန်းထားပါတယ် ။ စာအုပ်ရဲ့အဖွင့်ကို သေမင်းက သူရဲ့ စာအုပ်ကို ခိုးသွားတဲ့ လစ်ဇာ ဆိုတဲ့ စာအုပ်သူခိုးမလေးရဲ့ အကြောင်းကို ပြောပြဟန်နဲ့ ရေးဖွဲ့ထားပြီး ၊ ဒီ စာအုပ်တစ်အုပ်လုံးမှာ နာဇီခေတ် ၊ ဒုတိယကမ္ဘာစစ်ရဲ့ ကြောက်မက်ဖွယ် အနိဋ္ဌာရုံတွေ ၊ စစ်ဒဏ်ခံရတဲ့ ပြည်သူတွေဟာ ဗုံးခိုကျင်းထဲမှာ ထိတ်လန့်နေတဲ့ သူတို့ရဲ့ စိတ်တွေ သက်သာရာ ရစေဖို့နဲ့ ကျလုဆဲဆဲ စိတ်တွေ ပြိုမလဲသွားအောင် စာအုပ်တွေ ဖတ်ပြီး အားတင်းထားကြရတယ်ဆိုတဲ့ အကြောင်း ၊ သောကမျိုးစုံ နဲ့ လူတွေကို ဖြေသိမ့်ပေဖို့ရာ ၊ စာအုပ်တွေ မလုံလောက်တော့ လစ်ဇာ ကလေး ခမျာ စာအုပ်သူခိုး လုပ်ရာရှာတော့တယ် ။ စစ်ကြီးဟာ ဘယ်လိုဆိုးကျိုးတွေ ဖြစ်စေခဲ့လဲ ၊ လူတွေရဲ့ စိတ်ဓာတ်တွေ ပြိုလဲသွားစေသလဲ ၊ ဗုံးခိုကျင်းထဲမှာ ဂျာမန်သူလေး ရေးသားခဲ့တဲ့ The Book Thief သို့မဟုတ် စာအုပ်သူခိုး ရဲ့ အကြောင်းကို ဖတ်ချင်တယ်ဆိုရင်တော့ .....