ဗိုလ်မူးအိမ်

မိုးစွေ

200 Kyats ကျပ်
ဗိုလ်မူးအိမ်။ အဲဒီနယ်မှာ နာမည်ကြီးတဲ့ အိမ်ကြီးပေါ့။ ကောင်းသတင်းနဲ့ နာမည်ကြီးတာတော့ မဟုတ်ဘူး။ သရဲအခြောက်ကြမ်းလွန်းလို့ မကောင်းသတင်းနဲ့ နာမည်ကြီးတဲ့ အိမ်။ အိမ်ပိုင်ရှင်က ဗိုလ်တင့်ဆိုတဲ့ လူကြီး။ မိန်းမဆုံးပြီးကတည်းက အမြဲတမ်း မူးနေတဲ့ ဗိုလ်တင့်ရဲ့ အိမ်ကို လူတွေက ဗိုလ်မူးအိမ်လို့ ခေါ်ကြတယ်။ ဗိုလ်တင့်ကတော့ သူ့အိမ်မှာ သရဲခြောက်တယ် ဆိုတာကို ဘယ်သူ ဘယ်လို သက်သေနဲ့ပြပြ လက်မခံဘူး။ သူက အဲဒီအိမ်ကြီးမှာ တစ်ယောက်တည်း နေတယ်။ ဘယ်တော့မှလည်း သရဲအခြောက်မခံရဘူး။ သရဲကိုလည်း မကြောက်ဘူး။ ဗိုလ်တင့်ရဲ့ ဗိုလ်မူးအိမ်နဲ့ ကပ်လျက်မှာ ဗိုလ်တင့်အမေအိမ်ရှိတယ်။ ဆွေမျိုး ဧည့်သည်တွေ လာတဲ့အခါတိုင်း ဗိုလ်မူးအိမ်မှာ ဘယ်သူမှ မတည်းရဲကြဘူး။ တစ်နေ့တော့ ဗိုလ်တင့်အမေအိမ်မှာ အလှူလုပ်ဖို့ရှိတာမို့ အနယ်နယ်က ဆွေမျိုးဧည့်သည်တွေ ညအိပ်ညနေ ရောက်လာကြတယ်။ အမေအိမ်မှာ အိပ်စရာမလောက်လို့ ဗိုလ်တင့်ရဲ့ ဗိုလ်မူးအိမ်မှာ ဧည့်သည်တချို့ သွားအိပ်တည်းခိုကြဖို့ ဖြစ်လာတယ်။ အဲဒီညမှာပဲ ထိတ်လန့်စရာ အဖြစ်အပျက်တွေကို အားလုံး မျက်ဝါးထင်ထင် ကြုံတွေ့ကြရပါတော့တယ်။