ဆုံခွင့်

မိုဇာလျန်းဝေ

800 Kyats ကျပ်
အရပ်လေး မနိမ့်မမြင့်၊ ကိုယ်လုံးကျစ်ကျစ် သွယ်သွယ်လျလျ ခန္ဓာကိုယ်ပေါ်မှာ လိုက်ဖက်တဲ့ သားသားနားနား ဝတ်စုံလေးတွေကို ဝတ်ဆင်တတ်တဲ့ အိမ်စည်။ တကယ်တော့ အိမ်စည်က ပြင်သစ်ဘာသာစကားကို ကျွမ်းကျင်တဲ့ တိုးရစ်ဂိုက်တစ်ယောက်။ သူ့မှာ မြတ်ထွေး ဆိုတဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်။ မြတ်ထွေးကလည်း တိုးရစ်ဂိုက်တစ်ယောက်ပါပဲ။ အေဂျင်စီတစ်ခုမှာ သူတို့နှစ်ယောက် အတူတူ အလုပ်လုပ်ကြတယ်။ အိမ်စည်က လှလည်းလှ၊ အရည်အချင်းလည်းရှိတော့ အိမ်က သဘောတူတဲ့သူလည်းရှိ၊ အိမ်စည့်အချစ်ကို လိုချင်တဲ့ ယောက်ျားတွေလည်း ရှိပေါ့။ ဒါပေမဲ့ အိမ်စည်က အိမ်ထောင် မပြုချင်ဘူး။ ဘယ်သူ့ကိုမှ ချစ်ကြိုက်လို့ မရနိုင်ဘူး။ အိမ်က သဘောတူသူကိုလည်း မယူနိုင်ဘူး ဆိုတော့ အိမ်စည့်မှာ ချစ်သူရှိမရှိ အဒေါ်ဖြစ်သူက မေးလာခဲ့တယ်။ အိမ်စည်က ခေါင်းညိတ်လိုက်တယ်။ အလုပ်မှာ တွေ့ခဲ့တဲ့ ကျော်ရှင်းဆိုတဲ့ ခပ်သန့်သန့် အမျိုးသားတစ်ယောက်ကို အကူအညီတောင်းပြီး ချစ်သူအဖြစ် ဟန်ဆောင်လို့ အဒေါ်နဲ့ ပေးတွေ့ခဲ့တယ်။ ဒီနောက် … ဒီနောက်မှာတော့ ကျော်ရှင်းဆိုတဲ့ လူတစ်ယောက်ဟာ အိမ်စည်ရဲ့ဘဝထဲ တကယ်ဝင်ရောက်လာတဲ့အခါမှာတော့ …