ငြိုးမာန်ဖွဲ့သူရယ်

မစန်ဒာ

1000 Kyats ကျပ်
ဒီစာအုပ်ကလည်း ဆရာမ မစန္ဒာရဲ့ နာမည်ကြီး စာအုပ်တစ်အုပ်ပါပဲ။ ငယ်စဉ် ကလေးဘဝက အစ်မဖြစ်သူနဲ့အတူ ဝတ္ထုရေးဖို့ ဇာတ်လမ်းတွေ စဉ်းစားရင်း တွေးမိခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်၊ ဝတ္ထုခေါင်းစဉ်ကို အဲဒီငယ်ဘဝ အရွယ်ကတည်းက ဆရာမရဲ့ အစ်မဖြစ်သူက ရွေးပေးခဲ့တဲ့ ဝတ္ထု၊ တစ်နေ့နေ့ တစ်ချိန်ချိန် စာတွေ ဝတ္ထုတွေ ရေးတတ်လာရင် ဒီဇာတ်လမ်းကို ဝတ္ထုရေးမယ်လို့ ဆုံးဖြတ်ခဲ့ပြီး ဆယ်နှစ်ကျော်ကျော် ကြာပြီးတဲ့နောက်မှာ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်လို့ ရင်ထဲမှာ အကြာကြီး သိမ်းထားခဲ့တဲ့ ဇာတ်လမ်းကို ရသဝတ္ထုရှည်အဖြစ် ပုံဖော်အသက်သွင်းခဲ့တဲ့ ဆရာမ မစန္ဒာရဲ့ လက်ရာမွန် … ငြိုးမာန်ဖွဲ့သူရယ် လုံးချင်းဝတ္ထုရှည်ကတော့ စာချစ်သူတို့ နှလုံးသားကို အစကနေ အဆုံးထိတိုင် ဆွဲခေါ်သွားမယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။