မတစ်ထောင် တကောင်ဘွား

မင်းသိင်္ခ

1000 Kyats ကျပ်
ဗြိတိသျှအစိုးရက မြန်မာပြည်ကို ကျွန်ပြုအုပ်ချုပ်နေစဉ်ကာလမှာ ထူးထူးခြားခြား လူသတ်မှုတွေက မြန်မာပြည်အနှံ့အပြားမှာ ဆက်တိုက်ဆိုသလို ပေါ်ပေါက်ခဲ့ပါတယ်။ 'လားပင်စင်ပေးလိုက်သည်' ဆိုတဲ့ စာလေးတစ်စောင်နဲ့အတူ နယ်ချဲ့အစိုးရရဲ့ နောက်လိုက်တွေ၊ လူအချင်းချင်း ဂုတ်သွေးစုပ် အမြတ်ထုတ်နေကြသူတွေရဲ့ နဖူးကို သေနတ်နဲ့တော့ပစ်သတ်လေ့ရှိတဲ့ မတစ်ထောင်တစ်ကောင်ဘွား။ 'လူတွေဟာ ကျောင်းနေကြတယ်။ ဘွဲ့ယူကြတယ်။ ရုံးအလုပ် ဝင်လုပ်ကြတယ်။ အိမ်ထောင်ပြု၊ ကလေးမွေး၊ ပိုက်ဆံရှာ၊ ပြီးတော့ သေသွားကြတယ်။ မိန်းမတစ်ထောင်က မွေးတဲ့ သားတစ်ထောင်မှာ ကိုးရာကိုးဆယ့်ကိုးယောက်က ဒီသဘောတရားအတိုင်း အုတ်ရောရောကျောက်ရောရောနဲ့ ဘဝကို ဖြတ်သန်းပြီး ပြီးဆုံးသွားကြတယ်။ သူတို့ဘဝဟာ ပျင်းရိငြီးငွေ့စရာကောင်းတယ်' ... 'ဗန္ဓုလရဲ့ သားဖြစ်ပါစေ။ ဗန္ဓုလလို သတ္တိမျိုး မရှိရင် ဗန္ဓုလသွေးလို့ မခေါ်နိုင်ဘူး။ လောကမှာ သွေးချင်းတူမှ ဆွေမျိုးတော်တယ်' ဆိုတဲ့ ဦးနတ်ဆေးရဲ့ သူရဲကောင်းဝါဒတွေ။ 'ဖေ့သားကြီးရေ ... မျောက်သားစားချင်ပြီ' ...'မြင်းမိုရ်တောင်ကို ဆီးစေ့ဖြင့် အဆက်မပြတ် ပေါက်လော့' ... စတဲ့ ဦးဒေဝသြသဓခေါ် ဦးနတ်ဆေးရဲ့ လျှို့ဝှက်ဆက်သွယ် သတိပေးကြော်ငြာစာတွေနဲ့အတူ လူသတ်မှုတွေရဲ့ တရားခံ မတစ်ထောင်တစ်ကောင်ဘွားကို ဆားပုလင်းနှင်းမောင်တစ်ယောက် ဘယ်လို ဖော်ထုတ်ပြီး ဘယ်လိုလက်ထိပ်ခတ်မလဲဆိုတာကိုတော့ ...