တရုတ်ရှေးဟောင်း ဒဏ္ဍာရီပုံပြင်များ

ဘဘသက်(မြန်မာပြန်)

600 Kyats ကျပ်
ကလေးတွေကို ဖတ်ပြဖို့၊ မောင်လေး ညီမလေးတွေကို ပြန်ပြောပြဖို့ အတွက် ဒီစာအုပ်က အရမ်း အသုံးဝင်ပါတယ်။ “ကလေးတို့ရေ ….” ကစလို့ ပြောပြထားတဲ့ ပုံပြင်လေးတွေဟာ ဘယ်အချိန် ဖတ်ဖတ် ကိုယ့်ရဲ့ ငယ်ဘဝကို ပြန်လည် တမ်းတမိစေတယ်။ ဖတ်နေရင်း ကလေးဘဝကို ပြန်ရောက်သွားသလိုပါပဲ။ ‘စာကလေးနှင့် ငှက်ကြီးဧရာ’ ၊ ‘အသားပပ် အက်ကွဲတဲ့ သူတွေအတွက် လိမ်းဆေး’ ၊ ‘အစားအသောက်၊ အနေအထိုင်၊ အလေ့အကျင့်’ ၊ ‘ချောမောလှပခြင်းနဲ့ အကျည်းတန်ခြင်း’ စတဲ့ ပုံပြင်လေးတွေ ကစလို့ အများကြီးကို ဖတ်ရမှာပါ။ ပုံပြင်က တိုတိုလေးတွေပါပဲ။ တိုတိုလေး ဆိုပေမယ့် ပုံပြင်ဖတ်ပြီး အတွေးတွေ အရှည်ကြီး တွေးမိနေမှာ သေချာပါတယ်။