ကမ္ဘာဦးတမ်းချင်း

ဗျူး

800 Kyats ကျပ်
အင်မတန်ကို ချစ်ခင်ကြတဲ့ ငယ်သူငယ်ချင်းလေးဦးထဲမှာ “လက်ရုံး”ဟာ အထူးချွန်ဆုံးဖြစ်သလို ကျောက်တွင်းသူဌေးကြီးရဲ့ မွေးစားသားလည်း ဖြစ်ပါတယ်။ ဒီလေးဦးဟာ သူဌေးကြီးရဲ့စီးပွားဖက်တစ်ဦး ကြုံတွေ့နေရတဲ့ ပြဿနာတစ်ရပ်ကို ဖြေရှင်းပေးဖို့ ရန်ကုန်မြို့ကို ရောက်ရှိလာတဲ့အခါ အင်မတန်လှပတဲ့ မာနခဲနတ်မိမယ်လေးတစ်ဦးနဲ့ ဆုံဆည်းလာရပါတယ်။ အတ္တ၊ လောဘ၊ မာန်မာနတွေကြားက ဖြစ်ပေါ်လာတဲ့ ချစ်ခြင်းတရားဟာ သိမ်မွေ့နူးညံနိုင်ပါ့မလား။ ချစ်လှစွာသော သူငယ်ချင်းလေးယောက် ကြုံဆုံလာရတဲ့ ရန်ကုန်ရွှေမြို့တော်ကြီးက အဖြစ်အပျက်တွေဟာ သူတို့အတွက် အဆိပ်သင့်ဝေဒ နာတွေကိုပဲ ပေးစွမ်းမလား။ ပျော်ရွှင်ကြည်နူးဖွယ်အနာဂတ်ကိုပဲ တည်ဆောက်နိုင်ပါ့မလား ဆိုတာတွေက စိတ်ဝင်စားစရာပါ။ ခပ်ကြမ်းကြမ်း၊ ခပ်ရမ်းရမ်း စွန့်စားခန်းတွေနဲ့ ရေးဖွဲ့ထားတဲ့ “ကမ္ဘာဦးတမ်းချင်း” ဟာ ဗျူးရဲ့ အချစ်ဝတ္ထုလက်ရာကောင်း တစ်ပုဒ်ဖြစ်လို့ ညွှန်းဆိုလိုက်ပါတယ်။