သင့်အောင်မြင်မှုအတွက် သင်ကိုယ်တိုင် စွမ်းဆောင်ပါ

ဗမိုး(မြန်မာပြန်)

600 Kyats ကျပ်
အင်္ဂလိပ် ဂန္ထဝင်တက်ကျမ်းစာရေးဆရာ ဆင်မြူရယ်လ်ဆမိုင်းလ်ရဲ့ နာမည်ကျော် စာအုပ်ဖြစ်တဲ့ Self-Help ကို ဆရာဗမိုးက မြန်မာဘာသာ ပြန်ဆိုထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ Self-Help စာအုပ်ဟာ ဆင်မြူရယ်လ်ဆမိုင်းလ်ရဲ့ ပထမဆုံးစာအုပ်ဖြစ်သလို တက်ကျမ်းတွေထဲမှာ အကောင်းဆုံးလို့ ယူဆသတ်မှတ်ထားကြတဲ့ စာအုပ်လည်း ဖြစ်ပါတယ်။ (၁၉) ရာစုနဲ့ (၂၀) ရာစုအကူးမှာ ရေးသားခဲ့တဲ့ ဒီစာအုပ်ထဲက အတွေးအခေါ်၊ အယူအဆ၊ သုံးသပ်ချက်တွေဟာ ဒီကနေ့အထိ ရိုးအီသွားတာလည်း မရှိ၊ ဟောင်းနွမ်းသွားတာလည်း မရှိဘဲ ခေတ်မီနေတုန်းပါပဲ။ ဘာကြောင့်လဲဆိုတော့ ဆင်မြူရယ်လ်ဆမိုင်းလ်က သူ့ရဲ့ လက်တွေ့ အတွေ့အကြုံတွေကို စေတနာအညွှန်းနဲ့ အမွှမ်းတင် ရေးဖွဲ့ထားလို့ပါပဲ။ ဒီစာအုပ်မှာ အောင်မြင်တိုးတက်ရေး အတွေးအမြင်၊ အချက်အလက်တွေအပြင်၊ ဆင်မြူရယ်လ်ဆမိုင်းလ်ရဲ့ စာဖတ်သူနဲ့ လူငယ်ထုအပေါ် ထားရှိတဲ့ စေတနာတွေကို မြင်ရမှာလည်း ဖြစ်ပါတယ်။