ကျွန်တော်နှင့် ရိုက်ကွင်းပေါ်မှ... အလွဲများ

နီကိုရဲ

800 Kyats ကျပ်
ဆရာနီကိုရဲရဲ့ အလွဲတွေက စာဖတ်သူတွေကို ဘဝအမောတွေ ပြေစေတဲ့အထိ ဖတ်ရင်းဖတ်ရင်း တပြုံးပြုံးနဲ့ သဘောကျမိတာမျိုးပါ။ အခုလည်း လာပါပြီ။ ကျွန်တော်နှင့် ရိုက်ကွင်းပေါ်မှ အလွဲများ … တဲ့။ ဆရာနီကိုရဲဟာ သက်ရှိထင်ရှား ရှိစဉ်အခါက စာပေလောကမှာ ကျော်ကြားခဲ့ရုံမကပဲ ရုပ်ရှင်နဲ့ ဗွီဒီယိုလောကမှာလည်း အတော်ကြာကြာ ကျင်လည်ခဲ့ပါသေးတယ်။ ဇာတ်ကားရိုက်ကူးဖို့အတွက် ဇာတ်လမ်းတို့၊ ဇာတ်ညွှန်းတို့ ရေးတဲ့အပိုင်းပေါ့လေ။ ဒါကတော့ အဲဒီအချိန်တုန်းက ကိုယ်တွေ့ကြုံခဲ့ရတဲ့ ရယ်စရာ မောစရာ အလွဲလွဲ အချော်ချော် အဖြစ်အပျက်တွေကို အမှတ်တရ ပြန်လည်ရေးသားထားတဲ့ စာအုပ်ပါ။ ရုပ်ရှင်ရိုက်ကူးရေးတွေမှာ ကြုံတွေ့ရတဲ့ ပရိသတ်တွေ၊ ရုပ်ရှင်အပေါ် ဝါသနာကြီးလွန်းတဲ့ ပရိသတ်တွေ၊ ဒါရိုက်တာ၊ မင်းသား၊ မင်းသမီး၊ ဇာတ်ပို့၊ ဇာတ်ရံ၊ လူကြမ်းအပါအဝင် ရှုတင်အဖွဲ့က မီးထိုးမှန်ထိုးနဲ့ ရှုတင်ကားမောင်းသမားကအစ သူတို့ရဲ့ အလွဲတွေက ဖတ်ရတာ သဘောကျစရာပါပဲ။ ၏ဆရာနီကိုရဲ ရေးခဲ့တဲ့ ရိုက်ကွင်းပေါ်က အလွဲတွေထဲက ပြုံးစရာ ရယ်စရာ အဖြစ်အပျက်တွေကို ဖတ်ရှုရင်း ဘဝအမောတွေ ဖြေဖျောက်ကြရအောင်နော်။