ဘယ်မိုးယံမှာ ငါ့ပန်းတွေပွင့်လိမ့်မလဲ

နတ်သမီး

700 Kyats ကျပ်
ယောက်ျားတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ မာန်မာနနဲ့ အတ္တတို့ ရှိတာဟာ ကောင်းပေမယ့် တလွဲဆံပင်ကောင်း မာန်မာနဲ့ အတ္တတို့ကိုတော့ အဲဒီယောက်ျားတစ်ယောက်အတွက် ဘဝမှာ ဆုံးရှုံးမှုကြီးတစ်ရပ်ကို ကြုံရနိုင်ပါတယ်။ အထူးသဖြင့်တော့ ချစ်ခြင်းတရားမှာ မရှိသင့်တဲ့ မာန်မာနနဲ့ အတ္တကို ထားမိတဲ့ အခါမှာပေါ့။ နတ်သမီးရေးဖွဲ့တဲ့ ဒီဇာတ်လမ်းမှာလည်း အဲဒီလို ယောက်ျားတစ်ယောက်ရဲ့ မာန်မာနဲ့ အတ္တကြောင့် ဖြူစင်ရိုးသားပြီး လှပလွန်းတဲ့ မိန်းကလေးတစ်ယောက်ကို ဆုံးရှုံးရတော့မတတ် ဖြစ်ရတဲ့ သင်ခန်းစာကို ဆွတ်ပျံ့ဖွယ် ဖွဲ့နွဲ့ပြထားပါတယ်။ အလှအပနဲ့ ချစ်ခြင်းတရားကြား၊ ဖြူစင်ရိုးသားမှုနဲ့ မာန်မာနကြား ခိုကိုးရာမဲ့ မိန်းကလေးတစ်ယောက်နဲ့ လိုလေသေးမရှိ ပြည့်စုံနေတဲ့ ယောက်ျားတစ်ယောက်တို့ ဘယ်သူကများ မေတ္တာရဲ့ သဘောတရားကို ထွေးပိုက်နိုင်မလဲဆိုတာ စာဖတ်သူတို့ စိတ်ဝင်တစားဖြစ်စေမှာပါ။ တကယ်တော့ ချစ်ခြင်းမေတ္တာမှာ အချစ်စစ်ရင်ဆိုတဲ့ ထူးခြားလှတဲ့ ပဉ္စလက်တန်ခိုးသတ္တိတစ်ခု ရှိနေတာကို ဒီဇာတ်လမ်းမှာ နတ်သမီးက လှလှပပလေး ဖွဲ့ပြသွားနိုင်တယ်လို့ ဆိုပါရစေ။