နဂါးနက်အသင်းနှင့် ထူးခြားသောဝတ္ထုများ

ဒဂုန်ရွှေမျှား

900 Kyats ကျပ်
...ဤသို့ဖြင့် အသင်းသားများသည် မြန်မာနိုင်ငံအရပ်ရပ်သို့ ပျံ့နှံ့သွားရာ အတွင်းကျ၍ ရင်းနှီးသောသူများသာ တစ်ယောက်အကြောင်း တစ်ယောက်သိ၍ သာမန်အသင်းသားများ အချင်းချင်း မသိသည်က များလေသည်။ အသင်း၏ ဆောင်ရွက်ချက်များမှာလည်း တော်လှန်ရေး လမ်းစဉ်ကို လျှို့ဝှက်သောကဏ္ဍ တစ်ခုအနေဖြင့် တစ်စိတ်တစ်ဒေသ ပါဝင်ခဲ့သော်လည်း စစ်ပြီးခေတ် သာမန်အရပ်သား ဥပဒေဖြင့်ကြည့်သော် အချို့ဆောင်ရွက်ချက်တို့မှာ အစိုးရဥပဒေစက်ဝိုင်းမှ ရှောင်တိမ်းခြင်းငှာ မတတ်နိုင်သကဲ့သို့ ရှိလေသည်။ မည်သို့ပင်ဖြစ်စေ ထိုအသင်းကြီး၏ ပြုမူဆောင်ရွက်ချက်တို့မှာ တော်လှန်ရေးကြီး အမြန်ပြီးစီး အောင်မြင်အောင်ဟူသော အဓိကရည်ရွယ်ချက် ရှိသဖြင့် ခွင့်လွှတ်တန်သလောက် ခွင့်လွှတ်ရပေမည်။ အောက်တွင် ရေးအံ့သော အမှုတစ်မှုမှာ အသင်းကြီးနှင့် ဆက်သွယ်ပေါက် ဖွားခဲ့သော အမှုတစ်မှု ဖြစ်ပေသည်။