လူငယ် နှင့် နိုင်ငံရေး ဆောင်းပါးများ

ထကျမွကျ

800 Kyats ကျပ်
၂၀၁၁ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အတွင်း နှစ်နှစ်ဝန်းကျင်ကာလအတွင်း ဂျာနယ်၊ စာစောင်တွေမှာ ရေးသားထားတဲ့ ဆောင်းပါးအချို့ကို ရွေးနုတ်ဖော်ပြထားတာဖြစ်ပေမယ့် ဒီစာအုပ်မှာတင်ပဲ ဆောင်းပါးပုဒ်ရေပေါင်း ၃၃ ပုဒ် ပါဝင်နေပါတယ်။ ဘဝအတွေ့အကြုံ၊ သမိုင်းဖြတ်သန်းမှု၊ ခေတ်စနစ်တွေအတွင်း လှုပ်ရှားရုန်းကန်ခဲ့ရမှု၊ ပညာဗဟုသုတ ဝမ်းစာကြွယ်ဝမှုတွေကို ယှက်ဖောက်ပေးထားတဲ့ ဒီဆောင်ပါးတွေဟာ ခေတ်လူငယ်တွေအတွက် ခေတ်တွေ၊ စနစ်တွေ၊ ဘဝတွေ၊ သမိုင်းတွေကို ရုန်းကန်မာန်တင်းရင်း ပညာဝမ်းစာရှာမှီးထားခြင်း အနှစ်သာရတွေကို စာဖတ်ရင်းနဲ့ တစ်ထိုင်တည်းရရှိစေနိုင်မယ့် ဟင်းလေးအိုးကြီးလို့သာ ဆိုရပါလိမ့်မယ်။