လူသတ်ကုန်းက မဖဲဝါ

တာတေ

500 Kyats ကျပ်
ဒီစာအုပ်ကို ညဘက်မဖတ်ပါနဲ့လို့ စာရေးဆရာ တာတေကိုယ်တိုင် တားထားတဲ့ ဝတ္ထု။ ဇာတ်လမ်းနာမည်က လူသတ်ကုန်းက မဖဲဝါ … တဲ့။ ဘယ်လောက် ချောက်ချားစရာကောင်းလို့များ ညမဖတ်ရလို့တောင် တားထားတာလဲ ဆိုပြီး တွေးမိသွားလား။ မယုံရင်တော့ ညဘက် တစ်ယောက်တည်း ဖတ်ကြည့်ပေါ့နော်။ အိပ်မက်ထဲအထိ လာခြောက်ရင်တော့ ကိုယ့်ဒေါသနဲ့ ကိုယ်ပဲ။ ကျွန်တော်တော့ ဖတ်ရင်းဖတ်ရင်း တကယ်ကို ကြက်သီးတဖြန်းဖြန်း ထသွားမိတယ်။ သရဲခြောက်ပုံတွေကို ကွက်ကွက်ကွင်းကွင်း ပီပီပြင်ပြင်ရေးထားတာက စာဖတ်နေရင်း အသက်ရှူဖို့တောင် မေ့နေတာမျိုး။ ဂျပန်ခေတ်၊ လူသတ်ကုန်းဆိုတာလည်း အားလုံးကြားဖူးကြမှာပေါ့။ ပြီးတော့ မဖဲဝါဆိုတာကလည်း သရဲစာပေ ဖတ်သူတွေနဲ့ ရင်းနှီးပြီးသား ဇာတ်ကောင်တစ်ကောင်ပဲလေ။ (ဒီစာအုပ်ဖတ်ပြီးမှ မဖဲဝါနဲ့ စာဖတ်သူတို့ အပြင်မှာ ရင်းနှီးသွားရင်တော့ မတတ်နိုင်ပါဘူးနော်)။ ပေါ့သွားမှာစိုးလို့ ဇာတ်လမ်းအကြောင်းကိုတော့ ကြိုမပြောတော့ဘူး။ လူသတ်ကုန်းမှာ မဖဲဝါသရဲ ဘယ်လို ပွဲကြမ်းမလဲဆိုတာကတော့ ဆက်လက် ဖတ်ရှုကြည့်ပါပေါ့ …