တောပန်းတို့ အကြောင်း

ညီလေးငယ်

300 Kyats ကျပ်
တောဓလေ့၊ ရွာဓလေ့နဲ့ တောသူလုံမေတို့ရဲ့ ဘဝအလှ၊ တောရွာနောက်ခံ အခင်းအကျင်းတွေကို ပုံဖော်ထားတဲ့ ချစ်စရာဇာတ်လမ်းလေးတစ်ပုဒ်ကို စာချစ်သူတို့အတွက် မိတ်ဆက်ပေးချင်ပါတယ်။ လယ်တော ယာတော၊ တောတောင်ရှုမြင်ကွင်း၊ ကျေးလက်အငွေ့အသက်တွေနဲ့အတူ ဖွံ့ဖြိုးမှု အားနည်းသေးတဲ့ ကျေးလက်တောရွာက အဖြစ်အပျက်တွေက စာချစ်သူတွေကို ခံစားမှု အပြောင်းအလဲလေး ဖြစ်စေမယ် ထင်ပါတယ်။ မြို့ပြနောက်ခံ ဝတ္ထုတွေကို ဖတ်ရတာ ရိုးအီလာပြီ ဆိုရင်တော့ ကျေးလက်ရနံ့လွှမ်းတဲ့ ဒီလိုဇာတ်လမ်းလေးတွေကို ဖတ်ကြည့်ပါဦးနော်။ ဒီလိုခင်ဗျ။ ခင်မဆိုတဲ့ ကျေးလက်ပျိုဖြူ မိန်းကလေးတစ်ယောက်ရဲ့ ရင်ခုန်သံနဲ့ ဇာတ်လမ်းကို စဖွင့်တယ်။ အင်္ကျီအသစ်လေးကို ထုတ်ဝတ်ပြီး သနပ်ခါးပါးကွက်ကြားလေးနဲ့ ရိုးရိုးလေး လှနေတဲ့ ခင်မ။ ဘာကြောင့်များ ခင်မတစ်ယောက် အိမ်ထဲမှာ ဟိုဟိုဒီဒီ လမ်းလျှောက်လိုက်၊ လမ်းမဘက်ဆီ ငေးမျှော်ကြည့်လိုက်၊ စိတ်လှုပ်ရှားမှုကို သက်ပြင်းလေး တချချနဲ့ ဖြေသိမ့်လိုက်။ ခင်မဆိုတဲ့ တောအလှပန်းလေးရဲ့ ရင်ခုန်မှုက ဘယ်သူ့အတွက်ကြောင့်များ ဖြစ်မလဲဗျာ။ ကဲ … စာချစ်သူတို့ကိုယ်တိုင် ခင်မရဲ့ ရင်ခုန်သံကို ခံစားကြည့်ကြရအောင်လားနော်။