သံဝေဂမီး

ညီလေးငယ်(လယ်တော်)

700 Kyats ကျပ်
ကိစ္စများမြောင် လူတို့ဘောင် ဆိုတဲ့ စကားအတိုင်း၊ လူ့အသိုင်းအဝိုင်းမှာ ဖြစ်တတ်ပျက်တတ်တဲ့ အကြောင်းကိစ္စများစွာကို စာရေးသူက သူ့အမြင် သူ့အတွေးနဲ့ ရေးသားပုံဖော်ထားတဲ့ ဝတ္ထုဇာတ်လမ်းတွေဟာ လူ့ဘဝ၊ လူ့သရုပ်၊ လူ့ဗီဇ၊ လူ့အတ္တနဲ့ လူရောင်စုံ စိတ်ရောင်စုံတွေကို ပြတ်ပြတ်ထင်ထင် ဖော်ပြထားပါတယ်။ လူ့ဘဝသရုပ်ဖော် ဘဝရသ ဝတ္ထုတိုကောင်းကောင်းတွေကို ဖတ်ချင်သူတွေအတွက်ကတော့ စိတ်ကျေနပ်စရာပါပဲ။ ဒီစာအုပ်ထဲမှာ … သံဝေဂမီး၊ လောကဓံမုန်တိုင်းကြောင့် ရိုင်းခဲ့ရသည်၊ အသိုက်ခြွေမိုး၊ အချစ်မိုးခါးတွေ ရွာတဲ့ည၊ ချစ်မေတ္တာလွင်ပြင်၊ အကျယ်ချုပ်၊ ပို့သမေတ္တာ ရကြပါစေ၊ သံယောဇဉ်ဆုတောင်း၊ မျှော်လင့်ခြင်းဖြင့် ဖွဲ့တည်သော၊ သံသယအမှား … စတဲ့ ဝတ္ထုတိုကောင်းကောင်းလေးတွေကို ဖတ်ရှုရမှာပါခင်ဗျ။