လက်တစ်ကမ်းရှိတတ်လမ်းနှင့် ဘ၀ရှေ့ဆောင်အောင်မြင်ရေးစာစု

ချစ်နိုင်(စိတ်ပညာ)

800 Kyats ကျပ်
...လူဟာ စက်ရုပ်မဟုတ်ဘူး။ လူမှာ စိတ်ပါတယ်။ စိတ်မပါဘူး ဆိုတာ ရှိတယ်။ စိတ်ပါတာနဲ့ မပါတာနဲ့ အလုပ်တွင်တာချင်း သိပ်ကွာခြားပါတယ်။ ဒါကြောင့် စိတ်အားထက်သန်အောင် နည်းမျိုးစုံကို သုံးပြီးတော့ ကိုယ့်စိတ်ကို ကိုယ် ဆွဲဆောင် စည်းရုံး လှုံ့ဆော်ကြရပါတယ်။ အဲ့ဒီအတွက် အဓိက ကိုင်တွယ်ရမှာကတော့ စိတ်ပညာကို အသုံးချဖို့ပါပဲ။ ဒီစာအုပ်ဟာ ကိုယ်နဲ့ လက်တစ်ကမ်းမှာ ရှိနေတဲ့ အောင်မြင်မှုကို ရယူဖို့ စိတ်ကို ဘယ်လို ထားရမယ် ၊ ဘယ်လို အခြေအနေမှာ ဘယ်လို စိတ်မျိုးရှိသင့်တယ် ၊ စိတ်အားထက်သန်အောင် ဘယ်လိုနေရမလဲ ဆိုတာကို ဥပမာတွေ အတွေ့အကြုံတွေနဲ့ ယှဉ်ပြီး ပြောပြထားပါတယ်။ သူများထက် သာချင်သူတိုင်း ဖတ်ထားသင့်တဲ့ စာအုပ် ဖြစ်ပါတယ်။