အချစ်ဖြင့်လောင်ကျွမ်းတောက်ပသူများ

ခဈြဦးညို

800 Kyats ကျပ်
ဆရာချစ်ဟာ သူဖတ်ရှုခဲ့တဲ့ သမိုင်းထဲက ပုဂ္ဂိုလ်အကြောင်းတွေ၊ ဝတ္ထုကြီးတွေထဲက ဇာတ်ဆောင်တွေကို ပြန်လည်ခံစား ရေးဖွဲ့ထားတာပါ။ ပထမဆုံးဖတ်ရှုရမှာက ကမ္ဘာကျော်စာရေးဆရာကြီး ဆာဝေါလ်တာစကော့ရဲ့ ‘အိုင်ဗင်ဟို’ဝတ္ထုကို ပြန်လည်ခံစားပြီး ရှုထောင့်တစ်ခုကနေ ပြန်တင်ပြထားချက်၊ နောက်တစ်ပုဒ်ကတော့ စာချစ်သူတို့ ငယ်စဉ်ကတည်းက ရင်းနှီးခဲ့တဲ့ ‘စူဠသုဘဒ္ဒါမိဖုရား’ အကြောင်း၊ နောက် … ကမ္ဘာ့စာပေကို ကိုင်လှုပ်ခဲ့တဲ့ ဆိုဗီယက်ရုရှားစာရေးဆရာကြီး ဂေါ်ကီရဲ့ “အမေ” ဝတ္ထု၊ ဒါနဲ့ ဆက်စပ်ပြီး ဂေါ်ကီရဲ့ ‘အီတလီပုံပြင်များ’ထဲက ‘သစ္စာဖောက်တစ်ဦး၏ မိခင်’မှာပါတဲ့ ‘အမေ’ ရဲ့ ချစ်ခြင်းမီးလျှံ ... ပြီးတော့၊ ကမ္ဘာကျော် အင်္ဂလိပ်ကဗျာဆရာ ရှယ်လီရဲ့ ကဗျာတစ်ပုဒ်ဖြစ်တဲ့ “ပရိုမီးသီးယပ်စ်လွတ်မြောက်ခြင်း”ထဲက ဂရိဒဏ္ဍာရီလာ နတ်ဒေဝတာငယ်လေး၊ မဟာမေတ္တာဝါဒီဖြစ်တဲ့ ပရိုမီးသီးယစ်ရဲ့ ချစ်ခြင်း၊ သမိုင်းထဲက ရာဇာဓိရာဇ်၏ ဖြစ်ကြောင်းကုန်စင်နဲ့ ပြောင်းလဲရှင်သန်မှု အဆင့်ဆင့်ကို စကားလေးခွန်းတည်းနဲ့ ရုပ်လုံးဖော်ပြတဲ့ ဆရာချစ်ဦးညိုရဲ့ ပြောင်မြောက်တဲ့ အရေးအသား၊ သုသျှင်ရာဇာဓိရာဇ်ရဲ့ နှလုံးအိမ်မှာ တရှိန်ရှိန်စွဲငြိတောက်ပခဲ့တဲ့ အချစ်တွေနဲ့ မပြတ်တမ်း တောက်လောင်ခဲ့တဲ့ ချစ်ခြင်းမီးလျှံတွေကို စာရေးသူက ထိုးဖောက်ဝင်ရောက်ပြီး ကာယကံရှင်ရဲ့ ဝေဒနာ၊ အသိ၊ စရိုက်တို့ကို စာဖတ်သူရဲ့ စိတ်အာရုံထဲမှာ တရိပ်ရိပ် ပြေးလွှားနေအောင် ဖော်ထုတ် ရေးသားနိုင်မှုကို ဖတ်ရှုရမှာပဲ ဖြစ်ပါတယ်။