ခ်စ္မိသည္မွအပ

ခူးခူး

800 Kyats ကျပ်
အသက် (၃၀) အရွယ်၊ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်၊ ရုပ်ရည် သန့်ပြန့်ချောမောပြီး တည်ငြိမ်ရင့်ကျက်တဲ့ အမျိုးသားတစ်ယောက်၊ သူ့နာမည် … ဝေခဟန်။ အလုပ်နဲ့အိမ်၊ အိမ်နဲ့အလုပ်ကိုပဲ နေ့စဉ်ဖြတ်သန်းရင်း ဘဝကို ရိုးရိုးရှင်းရှင်းနေထိုင်နေတဲ့ ဝေခဟန်ဟာ ဒီအရွယ်အထိ ချစ်သူရည်းစားလည်း မထားခဲ့ဖူးသူပါ။ ဒါပေမဲ့ သူ စိတ်ဝင်စားနေတဲ့ အမျိုးသမီးလေးတစ်ယောက်တော့ ရှိတယ်။ သူ့ရုံးက စူးရှမေဆိုတဲ့ ဝန်ထမ်းမိန်းကလေးကို သဘောကျနေမိတယ်။ တစ်ရက်မှာ ဝေခဟန်နဲ့ စူးရှမေတို့ ညစာထွက်စားရင်း ဝေခဟန်က စူးရှမေမှာ ချစ်သူရှိမရှိ မေးလိုက်တယ်။ စူးရှမေမှာ အရင်က ချစ်သူတစ်ယောက်ရှိခဲ့ဖူးပေမဲ့ အဆက်အသွယ်ပြတ်ခဲ့တာ တစ်နှစ်ကျော်ပြီဆိုတဲ့အတွက် ဝေခဟန် ဝမ်းသာသွားတယ်။ စူးရှမေက သူ့ချစ်ခွင့်ပန်မှုကို စဉ်းစားပေးမယ်လို့ ဆိုတဲ့အတွက် ပိုပြီး ပျော်ရွှင်သွားတယ်။ ဒါပေမဲ့ … ကံတရားဆိုတာ ထင်မှတ်မထားတဲ့အရာတွေကို သယ်ဆောင်လာတတ်တယ် မဟုတ်လား။ မိန်းကလေးရှင်တိုင်း ငြင်းစရာ အပြစ်အနာအဆာမရှိတဲ့ ဝေခဟန်ကို စူးရှမေ ပြန်ချစ်ပါ့မလား၊ ပြန်ချစ်ခဲ့ရင်ရော စူးရှမေရဲ့ အတိတ်က နောက်ကြောင်း အဖြစ်အပျက်တွေက သူတို့ချစ်ခြင်းကို ဖြောင့်ဖြူးစေပါ့မလား။