လေလှိုင်းပေါ်က ခိုင်နှင့်မောင်

ကလောင်စုံ

800 Kyats ကျပ်
မွန်ပြည်နယ်၊ မော်လမြိုင်သား စာရေးဆရာများ ဖြစ်ကြတဲ့ အောင်ချစ်မင်းမြတ်၊ မင်းလှကြိုင် (ချောင်းဆုံ) ၊ ဖြူစင်မြင့်ချို၊ ရွှေလက်ရာ (ဘားအံ)၊ မောင်မောင်ရွှေမြိုင်၊ မောင်ကျော် (ဘားအံ)၊ ခန့်ငြိမ်းစံ၊ တက္ကသိုလ်မင်းကျော်သူ၊ ချယ်ရီဝိုင်၊ မြတ်ဇင်မာအေး၊ မောင်ရဲထိန်၊ ရာမည ဖိုးလပြည့်တို့ရဲ့ လက်ရာ၊ ရသဝတ္ထုတိုတွေကို စုစည်းထုတ်ဝေထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ ‘တစ်ချိန်တုန်းက မြေပေါ်မှာသာ ချစ်သူဖြစ်ခွင့် ရခဲ့ကြပေမဲ့ … အခုတော့ လေပေါ်မှာပါ ချစ်သူတွေ ဖြစ်ခွင့် ရခဲ့ကြပြီလေ၊ အဲဒါကြောင့်လည်း လေလှိုင်းပေါ်က ခိုင်နှင့်မောင် ဆိုတာ ဖြစ်ပေါ်လာတာပေါ့ …’ ဆိုတဲ့ စာညွှန်းလေးနဲ့ ထွက်ရှိထားတဲ့ ဒီစာအုပ်လေးမှာတော့ ရသဝတ္ထုတို ကောင်းကောင်းလေးတွေ ပုဒ်ရေအများကြီး ပါတာမို့ အားပါးတရ ဖတ်ရှုရမှာ ဖြစ်သလို စာရေးဆရာကလည်း အများကြီးဆိုတော့ မတူညီတဲ့ လက်ရာ၊ မတူညီတဲ့ ရသတွေနဲ့ ဖတ်လို့ ကောင်းမယ့် စာအုပ်တစ်အုပ် ဖြစ်ပါတယ်။