အျပံဳးမ်ားနွင့္လူ

ကလောင်စုံ

500 Kyats ကျပ်
...“မိအေးရယ် … လုပ်ထားနှင့်ဦးပေါ့။ ညနေကျမှ ညည်းနဲ့ ငါ တစ်ပွဲကောင်းကောင်း တွေ့မယ်” ဟု ရာဇသံ ပေးလိုက်သည်။ ထိုအသံကို ဒေါ်အေး ကြားလိုက်မိသော်လည်း မကြားချင်ယောင် ဆောင်လိုက်သည်။ အငှားကားက စတင်ပြီး တာထွက်နေပြီမို့ ဒေါ်တင်စိန် ဘာမှ လုပ်မရသည်က ဒေါ်အေးအတွက် ကံကောင်းသွားသည်ဟု မှတ်ယူရမည်။ မဟုတ်လို့ကတော့ ဒေါ်တင်စိန်၏ စကားသေနတ်သံကို ဒေါ်အေး လှလှပပ ခံရနိုင်သည်။ ဒေါ်တင်စိန်က အကြွေးတောင်းရာမှာ နာမည်ကြီးသည်။ သူ အကြွေးမရလျှင် ခါးအောက်ပိုင်း စကားလုံးမျိုးစုံဖြင့် စကားစစ်ထိုးတတ်သည်။