တောရွာရဲ့ရောဂါ

ကိုရွှေတောသား

500 Kyats ကျပ်
ရာအိမ်မှူး ဦးရွှေကြည်၏ စကားဆုံးလေတော့ လောကပရိယာယ် ဘာမျှကြွယ်ကြွယ်ဝဝမရှိ ဘဲ အာဂန္တုကိုယ်တော်လည်း သူ့ဝသီအတိုင်း ဟောဟောဒိုင်းဒိုင်း ပြောချလိုက်၏။ “ကောင်းတယ် . . . ကောင်းတယ်၊ သိပ်ကောင်းတယ် ဣနြေ္ဒရရမနေဘဲ မျောက်ဟိုဒင်း သမန်းရှသလို သစ်ပင်ပေါ်တက်ပြီး ကမြင်းကြောထတာကိုး . . . သေတာတောင်နည်းသေးဗျာ” အာဂန္တုကိုယ်တော်၏ စကားကြောင့် ဦးရွှေကြည်၏ မျက်နှာ တစ်ပြင်လုံးမှာ မည်းတက်သွားလေ၏။ “အရှင်ဘုရား . . . စကားကို ဆင်ဆင်ခြင်ခြင် မိန့်ကြားတော်မူပါဘုရား” “ဟင် . . . ကျုပ်က မှန်တဲ့အတိုင်း ပွင့်ပွင့်လင်းလင်းနဲ့ ဘွင်းဘွင်းရှင်းရှင်းပြောတတ်လို့ ပြောချလိုက်တဲ့ဥစ္စာ၊ နေပါဦး . . . ကျုပ်က မှန်တဲ့အတိုင်းမမိန့်လို့ ဘယ်လိုမိန့်ရမှာတဲ့လဲ” “တင်ပါ့ဘုရား . . . အရှင်ဘုရားအနေနဲ့မိန့်ရမှာက ‘အို . . . ကျွတ် ကျွတ် ကျွတ် . . . ဖြစ်မှ ဖြစ်ရလေခြင်းကွယ်၊ ခမျာမယ် . . . ဘယ့်နှယ်များနေရှာပါလိမ့်၊ အတော်ကလေး ပြဲသွားမယ် မှတ်တယ်၊ အတော်ကလေးလည်း ကွဲသွားမယ်ထင်ပါရဲ့၊ နာတာကတော့ မတရားဖြစ်ရှာမှာပဲနော်’ လို့ မိန့်လိုက်ရင် တစ်ဖက်သားခမျာ ဘယ့်ကလောက် နားဝင်လိမ့်မလဲ . . . ” အာဂန္တုကိုယ်တော်အဖို့ ဦးရွှေကြည်မှ အကျိုးသင့်အကြောင်းသင့် လျှောက်ထားပြောဆိုမှု ကြောင့် ခေါင်းတဆတ်ဆတ်ညိတ်လိုက်ရင်း . . . ။