စိတၱဇ လျပည့္ည

ကလျာ(သိပ္ပံ ဝိဇ္ဇာ)

600 Kyats ကျပ်
ရှိတ်စပီးယားရဲ့ ရိုမီယိုနဲ့ ဂျူလီယက်ဇာတ်လမ်းဟာ စာဖတ်သူတိုင်းအတွက် စွဲမက်ဖွယ်ကောင်းတဲ့ အလွမ်းဇာတ် တစ်ပုဒ်ပါ။ ရန်ငြိုးတွေကိုယ်စီနဲ့ အမျက်မာန်စောင်ကြီးနေကြတဲ့ မိသားစုနှစ်စုထဲက ဖြစ်ပျက်မှုတွေကို အခြေပြုရေးဖွဲ့ထားတဲ့ ဒီ “စိတ္တဇလပြည့်ည” ဟာလည်း အထက်ပါကဲ့သို့ အလွမ်းရသကို နင့်နင့်နဲနဲခံစားရမှာပါ။ ဒါတင်မကတာက ဒီဇာတ်လမ်းဟာ လျှို့ဝှက်သည်းဖို ဇာတ်အိမ် အဖြစ်အပျက်ကြီးတစ်ခုကို ဦးတည်ထားတာမို့ ရင်ဖိုချင်တဲ့ စာဖတ်သူများအတွက် ကောင်းမွန်လှ တဲ့ ဝတ္ထုတစ်ပုဒ်ပါ။ ပြင်ဦးလွင်နဲ့ လားရှိုးလမ်းမကြီးအနီးက သီတဂူမြိုင်ခြံကြီးမှာ လပြည့်ညတွေမှာ ဖြစ်ပေါ်လာတဲ့ လူသတ်မှုတွေ၊ မိသား စုနှစ်စုရဲ့ ရန်ငြိုးကြားက မောဟမီးတွေ၊ သနားသဖွယ် ဒုဋ္ဌဝတီမြစ်ကမ်းနေဘေးကျတဲ့ အချစ်မျက်ရည်တွေ၊ လောကီအစီအ ရင်အတတ်တွေကို အသုံးချပြုလုပ်ကြတဲ့ ရက်စက်ယုတ်မာမှုတွေ၊ လျှို့ဝှက်လွန်းရင်ဖိုစရာ ဇာတ်ကွက်တွေဟာ ဒီဝတ္ထုဇာတ် လမ်းရဲ့ ရင်သက်ရှုမောစရာ ရေးဖွဲ့ဖော်ပြမှုတွေပါပဲ။ ဒါကြောင့်ပဲ စာဖတ်သူတွေအနေနဲ့ ဒီလိုဝတ္ထုကောင်းမျိုးကို မဖတ်မဖြစ် ဖတ်ကြည့်ကြဖို့ အထူးပဲ တိုက်တွန်းလိုက်ရပါတယ်။