သွေးရူးသွေးတန်း

ကလျာ(ဝိဇ္ဇာသိပ္ပံ )

600 Kyats ကျပ်
ကသစ်နီမြို့ပေါ်မှာ နာမည်ကောင်းဂုဏ်သတင်းနဲ့ ပြည့်စုံလှတဲ့ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းပိုင်ရှင် သူဌေးကြီးပိုင်ဆိုင်တဲ့ “သြရိသ” ခြံကြီး။ ရိုးသားအေးချမ်းလှတဲ့ သူဌေးကတော်၊ အရမ်းချစ်ဖို့ကောင်းတဲ့ သူဌေးသမီးလေး ပန်းပွင့်ဝေ၊ သူဌေးကြီးရဲ့ လူယုံတော်၊ အဲ့ဒီ လူယုံတော်ရဲ့ သားဖြစ်တဲ့ သူဌေးကြီးက အထူးအားထားရသော ကိုဦး၊ ပြီးတော့ ထိုသြရိသခြံ ကြီးထဲမှာ နေထိုင်ခဲ့တဲ့ သူဌေးကြီးမိသားစုရဲ့ ကျေးဇူးရှင် ဆရာဝန်ကြီး၊ ထိုဆရာဝန်ကြီးရဲ့ သား ရဲအရာရှိ စတဲ့ဇာတ်ကောင် တွေနဲ့အတူ သြရိသခြံကြီးအတွင်းက လှုပ်လှုပ်ရှားရှား အကြောင်းအရာတွေကို ရေးဖွဲ့ထားတဲ့ ဒီဝတ္ထုဟာလည်း ဆရာမကြီး ကလျာ (ဝိဇ္ဇာ/သိပ္ပံ) ရဲ့ တစ်ချိန်က အရောင်းရဆုံးစာရင်ဝင် လျှို့ဝှက်သည်းဖိုဆန်ဆန် ဇာတ်လမ်းကောင်းတစ်ပုဒ်ပါပဲ။ သြရိသခြံကြီးမှာ နေထိုင်ခဲ့တဲ့ ဆရာဝန်ကြီးတစ်ဦး သူ့မိသားစုထံ အိမ်အပြန်လမ်းမှာ ပျောက်ဆုံးသွားရပါတယ်။ နောက်ကိုးနှစ်အကြာမှာတော့ ထိုဆရာဝန်ကြီးရဲ့သားဖြစ်သူက ရဲအရာရှိတစ်ဦးအဖြစ် ကသစ်နီမြို့ကို ရောက်ရှိလာခြင်းဟာ သြရိသခြံကြီးအတွင်းက လူမသိသူမသိ ဖြစ်ပေါ်နေတဲ့ ရှုပ်ထွေးမှုတွေနဲ့အတူ ဘယ်လို လျှို့ဝှက်သည်းဖိုဆန်တဲ့ အဖြစ်အပျက်တွေဆီ စာဖတ်သူတို့ကို ဆွဲခေါ်သွားမလဲဆိုတာ ဖတ်ရှုကြည့်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။