ဒဏ္ဍာရီလာ နတ်ဧကရာဇ် (စာစဉ်-၂၁)

Mr Chann

500 Kyats ကျပ်
ရှူးယန်ယုသည် တောင်ချိုင့်ကမ်းပါးရံကို ကျောမှီ၍ အိပ်နေသည်။ ဝမ်ထျန်းသည် သူမအား ချုပ်နှောင်ထားသော မှော်အင်းကို မနေ့ကပင် ပြန်ဖြည်ပေးထား၍ နက္ခတ်စွမ်းအင်အနည်းငယ် ပြည့်လာသော်လည်း ပုံမှန်အတိုင်း ပြန်မဖြစ်သေးပေ။ ယန်ယုသည် အိပ်နေသော်ငြား သတိကောင်းသည်။ ထိုအခိုက် "ရှပ် ရှပ် " အသံမှာ မတိုးလွန်းမကျယ်လွန်းပေ။ ရှူးယန်ယု မျက်လုံးဆတ်ခနဲပွင့်သည်။ တောင်ချိုင့်ထဲတွင်လည်း သူမအပြင် အခြားသူမရှိပေ။ အပြင်သို့ထွက်၍ ကြည့်သည်။ နှင်းမြူတို့ အုံ့ဆိုင်းနေသဖြင့် အနီးအနားကိုပင် ရှင်းလင်းစွာမမြင်ရပေ။ ရှူးယန်ယု၏ မျက်လုံးတို့ အရောင်လက်သွားသည်။ ပြေးရန်အခွင့်ကောင်း။ ဝမ်ထျန်းအကြောင်း ခေါင်းထဲရောက်သည်။ ဝမ်ထျန်းသည် သူ့ကတိ သူတည်သွားခဲ့သည် မဟုတ်လော။ "ချင်ဝမ်ထျန်း နင့်ကို ငါမမေ့ပါဘူး" ဟု ဆို၍ ရှူးယန်ယုသည် လေပေါ်သို့ ခုန်တက်ထွက်ခွာသွားလေတော့သည်။ ဝမ်ထျန်းတို့သည် မနက်စောစောပင် ထိုနေရာမှ ထွက်ခွာသွားကြပြီး ဖြစ်လေသည်။ ဝမ်ထျန်းသည် သူ့ကတိအတိုင်း ရှူးယန်ယုအား ပြန်လွှတ်ပေးခဲ့သည်။ သူ့ကြောင့် ပိုင်လုရီတို့မောင်နှမ မြေစာပင်မဖြစ်စေချင်။ ရှူးယန်ယုသည် မကြာမီပင် လဗိမာန်နယ်မြေသို့ အန္တရာယ်ကင်းကင်းနှင့် ပြန်ရောက်သွားသည်။ ထိုအခါမှ ရန်ဖန်း စိတ်အေးရလေသည်။
Mr Chann ရေးသားသော စာအုပ်များ
  • ဒဏ္ဍာရီလာ နတ်ဧကရာဇ် (စာစဉ်-၁၃)
    500 Ks
  • ဒဏ္ဍာရီလာ နတ်ဧကရာဇ် (စာစဉ်-၁၈)
    500 Ks
  • ဒဏ္ဍာရီလာ နတ်ဧကရာဇ် (စာစဉ်-၃၆)
    500 Ks
  • ဒဏ္ဍာရီလာ နတ်ဧကရာဇ် (စာစဉ်-၂၈)
    500 Ks
  • ဒဏ္ဍာရီလာ နတ်ဧကရာဇ် (စာစဉ်-၁၄)
    500 Ks
  • ဒဏ္ဍာရီလာ နတ်ဧကရာဇ် (စာစဉ်-၁၀)
    Free
'အွန်လိုင်းစာပေ' စာအုပ် အမျိုးအစားများ
  • ကောင်းကင်တာအိုရဲ့ မှော်ဆေးဧကရာဇ် (စာစဉ်-၅)
    500 Ks
  • နတ်ဘုရားတို့၏ ဘုရင် (စာစဉ်-၁၈)
    500 Ks
  • အဆန်းကြယ်ဆုံးသိုင်းဝိညာဉ် (စာစဉ်-၂)
    Free
  • အင်မော်တယ် ကွပ်မျက်သူ (စာစဉ်-၂)
    Free
  • ဒဏ္ဍာရီထဲက ဖူရှင်း (စာစဉ်-၅၆)
    500 Ks
  • အိုင်အိုလွမ်းနောင်နှင့် ကြံတိုင်းအောင် ဆောင်တိုင်းမြောက် လိုတိုင်းရ တတိုင်းရောက် အပိုင်း (၃)
    200 Ks
App Download
စာအုပ် အမျိုးအစား
စာရေးဆရာများ