ဝတ္ထုတိုပေါင်းချုပ်သစ်

ကြည်အေး

800 Kyats ကျပ်
ဆရာမကြီးကြည်အေးရဲ့ စာပေတွေ ဒီဘက်ခေတ်မှာ ပြန်လည်တစ်ခေတ်ဆန်းလာတာဟာ မြန်မာစာပေလောကအ တွက်ရော၊ စာဖတ်သူများအတွက်ပါ ဝမ်းမြောက်စရာဖြစ်ပါတယ်။ သူ့ခေတ်သူ့အခါက မြန်မာစာပေလောကရဲ့ အထင်ရှားဆုံး အတ္တဘဝအမှန်ဝါဒီ ( Existentialist ) စာရေးဆရာတစ်ယောက်အဖြစ် အသိအမှတ်ပြုထားရတဲ့ ဆရာမကြီးရဲ့ ဝတ္ထုတွေဟာ ဘဝအမှန်ရှုမြင်မှု အတွေးအခေါ်၊ တမူဆန်းသစ်တဲ့ ဇာတ်အိမ်၊ ရိုးရှင်းပေမဲ့ ကြွယ်ဝတဲ့ လှပတဲ့ စကားပြေတွေနဲ့ ယှက်သီထားတဲ့ စာပေအနုပညာရဲ့ စစ်မှန်တဲ့ အလှတရားတွေပဲဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ်ဝန်းကျင်ထဲကနေ ယနေ့အထိ တည်မြဲနေတဲ့ ယခုဝတ္ထုတိုပေါင်းချုပ်သစ်မှာ စာဖတ်သူတို့အတွက် ဆန်း သစ်စေမယ့်အရာကတော့ ဆရာမကြီးရဲ့ ထူးခြားတဲ့ ဘာသာပြန်ဝတ္ထုတိုတွေပါပဲ။ ဒီထဲက ဝတ္ထုတစ်ပုဒ်စီတိုင်းမှာ သူ့ အတွေး နဲ့သူ၊ သူ့ ဆန်းသစ်မူနဲ့သူ၊ သူ့ အလှတရားနဲ့သူ … ဝိသေသကိုယ်စီ ရှိတာမို့ အထူးပြုပြီး မညွှန်းလိုတော့ပါဘူး။ စာချစ်သူများ အနေနဲ့ မဖြစ်မနေ ဖတ်ရှုကြည့်ကြဖို့သာ စာပေစေတနာကောင်းနဲ့ တိုက်တွန်းလိုက်ရပါတယ်။
ကြည်အေး ရေးသားသော စာအုပ်များ
  • တမ်းတတတ်သည်
    600 Ks
  • မှန်၏မှောင်ရိပ်
    600 Ks
  • ဖုန်းသက်တိုင်
    600 Ks
  • ကေဖွဲ့ဆိုသီ ဖူးငုံပွင့်သစ်
    800 Ks
  • အပြင်ကလူ
    800 Ks
  • ဝတ္ထုတိုပေါင်းချုပ်သစ်
    800 Ks
'ဝတ္ထုတိုနှင့် အက်ဆေးစာအုပ်များ' စာအုပ် အမျိုးအစားများ
  • ကျားပါးစပ်ထဲက အာဟာရ
    600 Ks
  • ဒေါင်းအိုးဝေ တွန်သံကြားရော့ထင့်
    600 Ks
  • ကျောက်ရှာတဲ့လူနဲ့ ကျောက်ကရှာတဲ့လူ အပါအ၀င် ဖားကန့်နောက်ခံ ၀တ္ထုတိုများ
    600 Ks
  • သိပ္ပံအက်ဆေးများ (၁)
    300 Ks
  • ဖိနပ်ခြောက်ရန်နှင့် အခြားစာစုများ
    800 Ks
  • အသည်းနှလုံး၏ နောက်ဆုံးအမိန့်တော် (ဝတ္ထုလတ် သုံးပုဒ် စုစည်းမှု)
    500 Ks
App Download
စာအုပ် အမျိုးအစား
စာရေးဆရာများ