လေရူးသုန်သုန် (ဒုတိယတွဲ)

မြသန်းတင့်

1000 Kyats ကျပ်
ဒီစာအုပ်ကတော့ အမေရိကန်စာရေးဆရာမ မာဂရက်မစ်ချယ်က ရေးသားပြီး ဆရာမြသန်းတင့်က မြန်မာဘာသာ ပြန်ဆိုပေးထားတဲ့ ကမ္ဘာ့ဂန္ထဝင် ဝတ္ထုကြီးပဲ ဖြစ်ပါတယ်။ အမေရိကန် တောင်မြောက် စစ်ပွဲကြားထဲက စကားလက်အိုဟာရာ ဆိုတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အကြောင်း၊ သမ္မတလင်ကွန်းက ကျွန်စနစ် ဖျက်သိမ်းရေးကို အတည်ပြုပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ စစ်ပွဲထဲမှာ ရှင်သန်ရတဲ့ မိန်းမသားတစ်ယောက်ရဲ့ အဖြစ်အပျက်တွေပေါ့။ ကိုယ့်မိခင်ကို ရန်သူက ခေါင်းရိုက်ခွဲသတ်နေတဲ့ မြင်ကွင်းကို ခြုံပုတ်ထဲကနေ အသံမထွက်ရဲ ကြိတ်ငိုပြီး ကြုံခဲ့ရတဲ့ အသက် ၇၀ အရွယ် ဖွားဖွားဖွန်တိန်က “မိန်းကလေးရယ်၊ ဘဝမှာ အဆိုးဆုံးကို တွေ့လာပြီဆိုရင် ဒီမိန်းမဟာ တော်တော်တန်တန် မကြောက်တော့ဘူး။ မိန်းမတစ်ယောက်ဟာ ဘာကိုမှ မကြောက်တတ်ရင်လည်း သိပ်မကောင်းတော့ဘူး။ မိန်းမတစ်ယောက်ဟာ ကြောက်တတ်ရတယ်၊ ထိတ်လန့်တတ်ရတယ်၊ အဲဒီလိုဖြစ်အောင် ဘုရားသခင်က ဖန်ဆင်းပေးခဲ့တယ်။ မကြောက်တတ်တဲ့မိန်းမ၊ မလန့်တတ်တဲ့ မိန်းမဟာ သဘာဝမကျတော့ဘူး” လို့ ပြောခဲ့တယ်။ ပြီးတော့ “လူတစ်ယောက် ချမ်းသာကြီးပွားဖို့ အချိန်နှစ်ချိန်ရှိတယ်။ တိုင်းပြည်ပျက်တဲ့အချိန်နဲ့ ပြန်ထူထောင်တဲ့အချိန်ပဲ” စတဲ့ အခြေအနေတွေနဲ့ ဒီဝတ္ထုကြီးမှာ စကားလက်နဲ့ ဘတ်တလာရဲ့ အားပြိုင်မှုတွေ၊ အမေရိကန် ပြည်တွင်းစစ်အကြောင်း၊ ပဒေသရာဇ်စနစ်နဲ့ အရင်းရှင်စနစ် အကူးအပြောင်း ကာလမှာ ဖြစ်လာခဲ့တဲ့ စစ်ရဲ့ ဆိုးကျိုးတွေကို မြင်တွေ့ရမှာပါ။ သိပ်ဖတ်သင့်ပြီး တကယ်လည်းကောင်းတဲ့ ဝတ္ထုကြီးမို့ ဖတ်ကြည့်ကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။
မြသန်းတင့် ရေးသားသော စာအုပ်များ
  • တောင်သမန် ရွှေအင်းက လေညင်းဆော်တော့
    2000 Ks
  • လူလေးသို့ ပေးစာများ
    600 Ks
  • ချိုးဖျက်၍မရသော သမိုင်းမှတ်တိုင်များ
    1000 Ks
  • စာပေါင်းစု
    800 Ks
  • ခေတ်သစ်သမိုင်းဋီကာ
    800 Ks
  • စစ်နှင့်ငြိမ်းချမ်းရေး ၁
    800 Ks
ဆက်စပ် စာအုပ်များ
  • လေရူးသုန်သုန် (ပထမပိုင်း)
    1000 Ks
  • Gone with the wind
    Free
  • ငွေတစ်မူးဖြင့် သိုက်တူးသူ
    800 Ks
  • နှောင် (ဒုတိယတွဲ)
    800 Ks
  • အိုက်ခ်မန်းစစ်ဆင်ရေး
    800 Ks
  • အပြေးအကြောင်းပြောရင်း ပြောဖြစ်တာတွေ
    600 Ks
App Download
စာအုပ် အမျိုးအစား
စာရေးဆရာများ