အလွမ်းရှင် (အပိုင်း-၁)

ဟေသုဒြာ

အခမဲ့
အပြင်မှာ မိုးက တဖြောက်ဖြောက် ရွာနေသည်။ လက်က နာရီကို တစ်ချက် ကြည့်လိုက်ပြီး အလွမ်းရှင် ကျွတ်ခနဲ စုတ်တစ်ချက် သပ်လိုက်မိပါသည်။ “မင်း ဒီနေ့အဖို့ ပြီးဦးမှာလား ဝဿန်” စိတ် အလိုမကျမှုကြောင့် မျက်ခုံးမွေး နက်နက်ကြီး နှစ်သွယ်ကို တွန့်ခေါက်ထားကာ ဝဿန့်ကို လှမ်းကြည့်လိုက်သည်။ ဝဿန် အဝတ်လဲနေရာမှာ လှမ်းကြည့်လိုက်သောအခါ အလွမ်းရှင်၏ ဒေါသဖြစ်နေသည့် မျက်ဝန်းတစ်စုံနှင့် မျက်လုံးချင်း ဆုံမိသွားသည်။ အလွမ်းရှင်၏ ဒေါသမျက်ဝန်းကို မြင်လျှင် မနေတတ် မထိုင်တတ်အောင် ကြောက်ရသော ဝဿန်တစ်ယောက် မျက်စိမျက်နှာ ပျက်နေခဲ့သည်။ ဝဿန် မျက်လွှာကို ပြန်ချကာ ဘောင်းဘီဇစ်ကို ခပ်မြန်မြန် တပ်လိုက်သည်။ ဝဿန်သည် အလွမ်းရှင် မိခင်၏ တူဖြစ်ပြီး သူနှင့် ဝမ်းကွဲ ညီအစ်ကို တော်စပ်ကာ အလုပ်တွေကို ကူညီ လုပ်ကိုင်ပေးနေသော်လည်း သိပ် အစေးမကပ်လှပါ။ နိုင်ငံကျော် ဖက်ရှင်ပညာရှင်တစ်ယောက် ဖြစ်သည့် အလွမ်းရှင်မှာ ကမ္ဘာကျော် အဝတ်အစား Band တစ်ခု၏ မြန်မာပြည် ပင်တိုင်မော်ဒယ် တစ်ဦးလည်း ဖြစ်ပြီး ဖက်ရှင်လောက၏ ဘုရင်လည်း ဖြစ်သည်။
ဟေသုဒြာ ရေးသားသော စာအုပ်များ
  • အလွမ်းရှင် (အပိုင်း-၉)
    200 Ks
  • အလွမ်းရှင် (အပိုင်း-၁၁)
    200 Ks
  • အလွမ်းရှင် (အပိုင်း-၄)
    200 Ks
  • အလွမ်းရှင် (အပိုင်း-၈)
    200 Ks
  • အလွမ်းရှင် (အပိုင်း-၇)
    200 Ks
  • မုန်းတတ်သူ...သို့
    600 Ks
'အချစ်၊ အလွမ်း ရသဝတ္ထုစာအုပ်များ' စာအုပ် အမျိုးအစားများ
  • ချစ်တဲ့ကမ္ဘာ
    500 Ks
  • လိုက်ဖက်ရာ
    600 Ks
  • သံသယဝင်္ကဘာ
    600 Ks
  • အခုတော့ အချစ်တွေဘယ်ရောက်ကုန်ပြီလဲ နှင့် ဝတ္ထုတိုများ
    600 Ks
  • ချစ်၍ ချစ်ခဲ့သည် ချစ်ပြီးသည့်နောက်
    600 Ks
  • မှော်ဆန်တဲ့ပြတိုက်
    600 Ks
App Download
စာအုပ် အမျိုးအစား
စာရေးဆရာများ