ဗိုလ်ချုပ်၏ နှစ်(၁၀၀) ပုံရိပ်များ

ဒေါ်အုန်းကြည်သား

500 Kyats ကျပ်
(၁၉၁၅) ခု၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့ဆိုတာ ကျွန်တော်တို့တိုင်းပြည်ရဲ့ လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ဆိုတာ မြန်မာပြည်သား အားလုံး သိပြီးကြပြီးသားပါ။ ပြီးခဲ့တဲ့ (၂၀၁၅) ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့က အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ နှစ် (၁၀၀) ပြည့်။ မြန်မာနိုင်ငံတစ်ဝှမ်းလုံးက ဗိုလ်ချုပ်ကို ချစ်ကြတဲ့ ပြည်သူလူထု အလွှာစုံဟာ ဗိုလ်ချုပ်အတွက် နှစ် (၁၀၀) ပြည့် အောက်မေ့လွမ်းဆွတ်ခြင်း အခမ်းအနားတွေ နေရာဒေသအစုံမှာ ကျင်းပခဲ့ကြပါတယ်။ စာရေးဆရာ၊ ကဗျာဆရာတွေကလည်း ဗိုလ်ချုပ် နှစ် (၁၀၀) ပြည့် ဆောင်းပါးတွေ၊ ကဗျာတွေ၊ အက်ဆေးတွေနဲ့ ရေးသားဂုဏ်ပြု လွမ်းဆွတ်ခဲ့ကြပါတယ်။ ‘ကျုပ်ကို လူထုက ခန့်လို့ အခု ဝန်ကြီးရာထူးသာရပြီး လခ ဘယ်လောက်ရမယ် ဆိုတာလည်း ကျုပ်မသိဘူး။ မရလည်း အရေးမကြီးဘူး’ ဆိုတဲ့ ဗိုလ်ချုပ်။ ဒီလို ကျွန်တော်တို့ စံထားလေးစားကြရသူ ပြည်သူချစ်တဲ့ ခေါင်းဆောင်တစ်ဦးရဲ့ နှစ် (၁၀၀) ပြည့် ပုံရိပ်တွေကို ဒီစာအုပ်မှာ ပြည့်ပြည့်ဝဝ ခံစားဖတ်ရှုကြရမှာပါ။
ဒေါ်အုန်းကြည်သား ရေးသားသော စာအုပ်များ
  • ဗိုလ်ချုပ်၏ နှစ်(၁၀၀) ပုံရိပ်များ
    500 Ks
  • ဘုရင်မကြီးရှင်စောပုနှင့် ပဒေသရာဇ်စနစ်ဆိုး
    500 Ks
  • ရာဇဝင်ထဲက ပုံရိပ်ပုံပြင်များ
    500 Ks
'အတ္ထုပ္ပတ္တိ၊ မှတ်တမ်းနှင့် ခရီးသွားစာပေ' စာအုပ် အမျိုးအစားများ
  • အနိုင်ရသူများ
    Free
  • လူ့သမိုင်းမှာ အကြီးကျယ်ဆုံး တီထွင်ရေးသမား ဂျိမ်းဝပ်
    600 Ks
  • မင်းလက်ဝဲနော်ရထာ
    600 Ks
  • သတင်းသမားဘဝ
    600 Ks
  • မှတ်မှတ်ရရနေ့ရက်များနှင့် ကျွန်မ
    600 Ks
  • တိုကျိုစစ်ခုံရုံးမှတ်တမ်း
    800 Ks
App Download
စာအုပ် အမျိုးအစား
စာရေးဆရာများ