ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ်-၅၃)

ဒေါက်တာပန်ဒါ

1000 Kyats ကျပ်
“ဒက်နော့ … မင်းမတ်တတ်ရပ်လာပြီလား”နိုင်းဒပ်ဂိုဏ်းချုပ်လည်း သူ့ကို တံတားတစ်ဖက်ကနေ လှမ်းခေါ်လိုက်ပါတယ်။“မြန်မြန်လာခဲ့ချေ။ ဒီနေရာကို ငါတို့ လေ့လာချင်နေတာမှ တစ်ပိုင်းသေပြီ။ ဒီမှာ အန္တရာယ်လည်း မရှိတော့ဘူးလေ။ ငါတို့ကို ရတနာတွေပဲ စောင့်နေကြတာ။ ဒါပေမဲ့ မင်းကို ငါတို့ စောင့်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ဒါကမှ ညီအစ်ကို စိတ်ဓာတ်မဟုတ်လားကွ။ ဟား ဟား…”“အေးပေါ့…”နင်လည်း သစ်သားတံတားကို ဖြတ်လျှောက်လာခဲ့ပါပြီ။“ဒါပေမဲ့ မင်းတို့ကို သေမင်းလက်ထဲကနေ အကြိမ်တစ်သောင်းမက ငါကယ်တင်ပေးခဲ့တယ် မဟုတ်လား။ အဲဒါကမှ ငါ့ရဲ့ တကယ့် ညီအစ်ကို စိတ်ဓာတ်ပေါ့ကွ.. ဟား ဟား ဟား..” “အေးဟုတ်တယ်။ ဒါပေမဲ့ ဘာဖြစ်လို့များ ငါ့ရဲ့ လည်ဂုတ်ကနေ အမြဲတမ်း ဆွဲပြီးခေါ်ခဲ့ရတာလဲ..” နိုင်းဒပ်ဂိုဏ်းချုပ်လည်း မကျေမနပ် ပြောလိုက်ပါတယ်။“သေရပါတော့မယ်ဆိုမှ ဂျီးများနေလို့ ရသေးလား…”နင်လည်း ပြောလိုက်ပါတယ်။ နိုင်းဒပ်နဲ့ နင်တို့ တစ်ဦးနဲ့ တစ်ဦး စကားနိုင်လုပြီး စနောက်နေကြတာကို တာအိုသခင်လေယာလည်း ကြည့်နေလို့ပါ။ သူနဲ့ နင်ကတော့ ဒီလောက်အထိ မရင်းနှီးသေးဘူးဆိုတာကို သူနားလည်ခဲ့ပါတယ်။ သူတို့ နှစ်ဦးကတော့ သေရေးရှင်ရေး အတွေ့အကြုံများစွာကို အတူတူ ရင်ဆိုင်ကျော်ဖြတ်ခဲ့ကြသူတွေ မဟုတ်လား။ သစ်သားတံတားလေး ဝန်းကျင်ကနေ အားလုံး ထွက်လာခဲ့ကြပါပြီ။“ငါ့မျိုးနွယ်စုရဲ့ မှတ်တမ်းအရဆိုရင်တော့… ကျန်တဲ့ နေရာတွေမှာ အန္တရာယ်တွေ သိပ်မရှိလှတော့ပါဘူး” တာအိုသခင် လေယာက စကားဆက်လိုက်ပါတယ်။“ဒါပေမဲ့ .. ငါတို့ကို လောဘမကြီးဖို့ မှာခဲ့တယ်။ အဲဒါက ဘာအတွက်လဲ မသိဘူး”ဝှစ် … ရုတ်တရက်ဆိုသလိုပဲ မိုးကြိုးလျှပ်စီးအမျှင်တန်းတွေဟာ တစ်နေရာမှာ စုဝေးလို့ လာခဲ့ကြပါပြီ။ သိပ်မကြာခင်မှာတော့ မိုးကြိုး ဘီလူးကြီးတစ်ကောင်ဟာ သူတို့ အရှေ့ရပ်လို့။ မိုးကြိုး အစောင့်အရှောက်ကြီးက သူတို့ကို ငုံ့ကြည့်လိုက်ပြီးတော့ ပြုံးပြလိုက်ပါတယ်။“မင်းတို့ထဲမှာ နှလုံးသားအင်အားလမ်းစဉ်လျှောက်သူ တစ်ဦး ပါလာလိမ့်မယ်လို့ ငါမထင်မိခဲ့ဘူး။ ကောင်းတယ်။ ကောင်းတယ်။ မင်းရဲ့ နာမည်က ဒက်နော့မဟုတ်လား”“ဒက်နော့က အစောင့်အရှောက်ကြီးကို ဂါရဝပြုပါတယ်ခင်ဗျာ” နင်လည်း လေးလေးစားစားနှုတ်ဆက်လိုက်ပါတယ်။
ဒေါက်တာပန်ဒါ ရေးသားသော စာအုပ်များ
  • ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ်-၂၈)
    1000 Ks
  • ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ်-၁၁)
    1000 Ks
  • ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ်-၄၀)
    1000 Ks
  • ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ်-၁၆)
    1000 Ks
  • ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ စာစဉ် - ၎
    Free
  • ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၃၃)
    1000 Ks
'အွန်လိုင်းစာပေ' စာအုပ် အမျိုးအစားများ
  • ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ်-၂၂)
    1000 Ks
  • အဖေဟုခေါ်သည်
    200 Ks
  • Resident Evil (Chapter-6)
    400 Ks
  • ချင်းရွှမ်လမ်းစဉ် ဆရာသခင် (စာစဉ်-၄)
    500 Ks
  • လူသား သစ္စာ (စာစဉ်-၅)
    500 Ks
  • ဟိုဘက်အိမ်က .. ဦး
    700 Ks
App Download
စာအုပ် အမျိုးအစား
စာရေးဆရာများ