ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ်-၅၂) (စာမြည်း)

ဒေါက်တာပန်ဒါ

အခမဲ့
နင်လည်း နားမလည်နိုင်အောင် ဖြစ်သွားရပါတယ်။“မိုးသောက်စစ်ပွဲ…” “မင်းမသိဘူးလား” လူငယ်လေး မေးမြန်းလိုက်ပါတယ်။“ကျွန်တော် မသိထားပါဘူးခင်ဗျာ” နင်လည်း ခေါင်းကို ခါယမ်းလိုက်ပါတော့တယ်။ လူငယ်လေးက ခေါင်းကို တဆတ်ဆတ်ညိတ်လိုက်ပြီးတော့“အဲဒီစစ်ပွဲကြီးကတော့ ဘိုးဘေးတန်ခိုးရှင်တို့ကို မျိုးနွယ်စုတစ်ခုအဖြစ် အဆင့်ကျဆင်းသွားစေခဲ့တဲ့ မဟာစစ်ပွဲကြီးပေပဲ။ ဟိုး … အရင် အရင်တုန်းက… ဘိုးဘေးတန်ခိုးရှင်တွေဟာ ကမ္ဘာဦးပျက်စီးခြင်း စကြဝဠာကနေ မွေးဖွားထွက်ပေါ်လာခဲ့ကြတဲ့ ပြီးပြည်စုံခြင်းအဆင့်ကို ရရှိထားကြတဲ့ သက်ရှိတွေပဲ။ သူတို့က ဒီစကြဝဠာကြီးတစ်ခုလုံးကို ပေါင်းစည်းပြီး အုပ်ချုပ်ခဲ့ကြတယ်။ ပျက်စီးခြင်း နတ်ဘုရားသားရဲတွေတောင်မှ သူတို့ရဲ့ ကျေးကျွန်တွေ ဖြစ်ခဲ့ကြရတယ်လေ။ ထူးခြားတဲ့ သက်ရှိမျိုးစိတ်တို့ဟာလည်း သူတို့ကို ဒူးထောက်ခစားခဲ့ကြရတယ်” နင်လည်း ခေါင်းညိတ်လိုက်ပါတယ်။ ဒီအကြောင်းကို သူကြားဖူးပြီးသားပါ။“နောက်ပိုင်းမှာတော့ အချိန်ကာလတွေ ရွေ့လျောလာတာနဲ့ အမျှ… သာမန် သေမျိုးတို့တွေ မွေးဖွားပေါ်ထွက်လာခဲ့ကြတော့တယ်။ သာမန် သေမျိုးတွေဟာ အံ့မခန်း အမြန်နှုန်းနဲ့ တိုးတက်ဖွံ့ဖြိုးလာခဲ့တာကြောင့် စာဖွဲ့လို့ မရလောက်တဲ့ နှုန်းနဲ့ကို အစွမ်းတွေ ထက်လာခဲ့ကြတယ်။ သူတို့တွေက အဆုံးအစမဲ့ ကမ္ဘာဦးပျက်စီးခြင်း စကြဝဠာကြီးတခွင်မှာတော့ ဘိုးဘေးတို့ပြီးသွားရင် ဒုတိယမြောက် အစွမ်းအထက်ဆုံးသော မျိုးနွယ်စုဖြစ်လာခဲ့ကြတယ်။ နောက်ဆုံးမှာတော့ သူတို့ဟာ ဘိုးဘေးတို့နီးပါးလောက်ကို အစွမ်းထက်လာခဲ့ကြတော့တယ်” နင်လည်း သက်ပြင်းသာချလိုက်ပါတယ်။ တာအိုမဟာမိတ် အဖွဲ့ကြီးက အရမ်းကို ကြီးမားပြီး အစွမ်းထက်လွန်းလှပါတယ်။“အဲဒီအချိန်မှာပဲ ကပ်ဘေးကြီး ဖြစ်ပေါ်လာခဲ့တယ်။ ဒီကပ်ဘေးကြီးက အရမ်းအရမ်းကို ကြီးမားလှတဲ့ ကပ်ဘေးကြီးတစ်ခုပေါ့။ ငါတို့မွေးရပ်မြေက အစွမ်းထက်လှတဲ့ တန်ခိုးရှင်တွေ အပါအဝင် မဟာအမှောင်ထုကြီးထဲက ဝေးကွာလွန်းလှတဲ့ နေရာမှာ ရှိနေကြတဲ့ တန်ခိုးရှင်တွေအားလုံးဟာ လက်တွဲပူးပေါင်းပြီး ဒီကပ်ဘေးကြီးကို ရင်ဆိုင် ကျော်ဖြတ်ခဲ့ကြရတယ်” “ကပ်ဘေးကြီး…” နင်လည်း အံ့အားသင့်သွားရပါပြီ။“ကြည့်လေ…”လူငယ်လေးက အဝေးမှာရှိနေတဲ့ လူအသွင် သတ္တဝါကြီးကို ညွှန်ပြလိုက်ပါတော့တယ်။“မင်းတို့က သူ့ရဲ့ ခန္ဓာကိုယ်ထဲကနေ ထွက်လာခဲ့ကြတာလေ။ ဒါကြောင့် သူတို့ဟာ တခြား တန်ခိုးရှင်တွေနဲ့ မတူဘူးဆိုတာကို မင်းတို့ သတိထားမိကြလိမ့်မယ်”နင်လည်း ခေါင်းညိတ်လိုက်ပါတယ်။ သာမန် တန်ခိုးရှင်တို့ ခန္ဓာကိုယ်ထဲမှာ နတ်ဘုရား စွမ်းအင်သာ ရှိခဲ့တာပါ။ ဘယ်လိုဖြစ်ပြီးတော့ ကျောက်လှိုဏ်ဂူလျှောက်လမ်းတွေ၊ မီးလျှံနီမိစ္ဆာတွေ၊ မြေကမ္ဘာ မိစ္ဆာတွေနဲ့ ထူးခြားတဲ့ ဂြိုဟ်ကမ္ဘာကြီးတွေ ရှိနေနိုင်မှာလဲ။
ဒေါက်တာပန်ဒါ ရေးသားသော စာအုပ်များ
  • ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ်-၁၄)
    1000 Ks
  • ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ်-၃၈)
    1000 Ks
  • ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ်-၁၉)
    1000 Ks
  • ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၆ - ဒုတိယတွဲ)
    Free
  • ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ်-၄၀)
    1000 Ks
  • ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ်-၅၀)
    1000 Ks
'သိုင်းစာအုပ်များ' စာအုပ် အမျိုးအစားများ
  • သတ်ဖြတ်သူ သွေးနတ်ဘုရား(ရှီယန်) (စာစဉ်-၂၆)
    500 Ks
  • နဂါးအားမာန် ကျားသိုင်းဟန် (တတိယပိုင်း)
    500 Ks
  • မြို့ပြနတ်ဘုရား (စာစဉ်-၃)
    500 Ks
  • နတ်ဘုရားတို့အား ဆန့်ကျင်၍ (စာစဉ်-၁)
    Free
  • မြွေဘုရင်ဓားနှင့် ကျားလက်ဝါး (၂)
    400 Ks
  • မင်းသမီးလေးရဲ့ ကိုယ်ရံတော် (စာစဉ်-၄)
    500 Ks
App Download
စာအုပ် အမျိုးအစား
စာရေးဆရာများ