ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ်-၄၈)

ဒေါက်တာပန်ဒါ

1000 Kyats ကျပ်
ရုတ်တရက်ဆိုသလိုပဲ သူမ မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့ပါပြီ။ သူမ ဝန်းကျင်က အော်ရာအရှိန်အဝါတွေဟာလည်း ငြိမ်သက်ခြင်း မရှိတော့ပါဘူး။ ဒီနေရာက ဂျီနီးစစ် ကုန်းမြေကြီးရဲ့ မူလနယ်မြေပဲလေ။ သာမန်နေရာ တစ်ခု မဟုတ်တော့ပါဘူး။ ဂျိနင်အပါအဝင် တာအိုသခင် အများစုဟာလည်း ဒီနေရာမှာ ပျံသန်းနိုင်ကြခြင်း မရှိခဲ့ဘူးလေ။ ဒီမှာရှိနေတဲ့ အတားအဆီး စွမ်းအင်တွေ ဘယ်လောက် ပြင်းထန်တယ်ဆိုတာကို ဒါက သက်သေပြနေခဲ့တယ် မဟုတ်လား။ ဒါပေမဲ့ အခု ဝတ်စုံနက်ဝတ် အမျိုးသမီးကြောင့် ပတ်ဝန်းကျင်တခွင်က အော်ရာအရှိန်အဝါတွေပါ တဝုန်းဝုန်း လှိုင်းထန်လာခဲ့ပါပြီ။ တာအိုအားလုံးဟာလည်း ချောက်ချားစွာတုန်ခါနေလို့ပါ။ အားလုံးဟာ သူမနဲ့ ဝေးရာဆီကို ဆုတ်ခွာသွားချင်ကြတဲ့အလား။“ငါရပ်သော နေရာမှာ တာအိုတို့ ဦးညွတ်လတ္တံ့” အဖြူရောင်ဝတ်စုံဝတ် လူကြီးဟာ မြင်ကွင်းကို မြင်လိုက်ရတော့ နှလုံးသွေးတွေ အေးစက်သွားတာကို ခံစားမိလိုက်ပါတယ်။ သူမဟာ ကမ္ဘာဦး ကြယ်တာရာ ဘုရင်ကြီး သုံးပါးထဲက တစ်ပါးဖြစ်ထိုက်ပါပေတယ်။ ပြောရမယ်ဆိုရင် အကြွင်းမဲ့ ပျက်သုဉ်းခြင်း ဘုရားကျောင်းခေါင်းဆောင်ဟာ ဒီလောက်အထိ အစွမ်းထက်လာခဲ့ရတဲ့ အကြောင်းရင်းဟာလည်း ကမ္ဘာဦး ကြယ်တာရာဘုရင်ကြီး သုံးပါးဟာ အာဏာ ဖက်ပြိုင်ပြီး လုဖို့အတွက် စိတ်မဝင်စားခဲ့ကြလို့ပါ။ ကမ္ဘာဦး ကြယ်တာရာ ဘုရင်ကြီးသုံးပါးဟာ အကြွင်းမဲ့ ပျက်သုန်းခြင်း ဘုရားကျောင်း ခေါင်းဆောင်လိုပဲ အစွမ်းထက်တယ်လို့ ဒဏ္ဍာရီအရ ပြောစကားတွေ ရှိခဲ့ပါတယ်။ ဒါတွေအားလုံးက ဒဏ္ဍာရီထက်တော့ မပိုပါဘူး။ ကမ္ဘာဦး ကြယ်တာရာ ဘုရင်ကြီးသုံးဦးဟာ စကြဝဠာ စတင်မွေးဖွားလာချိန်ကတည်းက ရှိခဲ့ကြတာပါ။ ဒါကြောင့်လည်း သူတို့ သိထားတဲ့ လျှို့ဝှက်ချက်တွေ ရှိမယ်လို့ အားလုံးက ထင်ခဲ့ပါတယ်။
ဒေါက်တာပန်ဒါ ရေးသားသော စာအုပ်များ
  • ကဗျာသူရဲကောင်း (၂)
    1000 Ks
  • ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ်-၃၉) (စာမြည်း)
    Free
  • ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ်-၃၉)
    1000 Ks
  • ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ်-၃၄)
    1000 Ks
  • ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၃၃) (စာမြည်း)
    Free
  • ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ်-၄၁)
    1000 Ks
'သိုင်းစာအုပ်များ' စာအုပ် အမျိုးအစားများ
  • ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (စာစဉ်-၁၄) (စာမြည်း)
    Free
  • သိုင်းနတ်ဘုရား အသူရာ (စာစဉ်-၂)
    Free
  • ပြိုင်ဘက်ကင်း သိုင်းနတ်ဘုရား (စာစဉ်-၃၆) (စာမြည်း)
    Free
  • နဂါးသူရဲကောင်း (စာစဉ်-၂)
    Free
  • ကောင်းကင်ဘုံစာကြည့်တိုက် (စာစဉ်-၅)
    Free
  • အရိုးဖြူဂိုဏ်းနှင့်သွေးသောက်မောင်နှံ (ပထမပိုင်း)
    400 Ks
App Download
စာအုပ် အမျိုးအစား
စာရေးဆရာများ