ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ်-၃၆)

ဒေါက်တာပန်ဒါ

1000 Kyats ကျပ်
“ဟင်…” နင်အံ့အားသင့်သွားခဲ့ပါတယ်။ “ဂျိနင်..မတွေ့တာတောင် ကြာလှပေါ့…” အဇူရာ ၀တ်စုံနဲ့ လူကြီးလည်း နင်ကို ပြုံးရွှင်စွာ လှမ်းကြည့်လိုက်ပါတယ်။ “ချိုင်နန်းတော်ရှင်…” နင်လည်း မယုံကြည်နိုင်အောင် ဖြစ်နေခဲ့တယ်လေ… “နန်းတော်ရှင်က ဒီမှာနေတာလား… ဒီနှစ်တွေထဲမှာ နန်းတော်ရှင်ကို ကျွန်တော် ဘယ်နေရာမှာမှ ရှာမတွေ့ခဲ့ဘူး…” သူ့ရဲ့ ကိုယ်ပွားတွေ လအောက်ရေကန်ထဲမှာ နှစ်ပေါင်းခြောက်ရာလောက် ပိတ်မိနေစဉ်မှာပဲ… လောကသုံးပါးမှာ ကျန်ရှိခဲ့တဲ့ နင်ဟာ လောကတခွင်လှည့်လည်သွားလာရင်းနဲ့ ချိုင်နန်းတော်ရှင်ကိုလည်း ရှာဖွေခဲ့ပါတယ်။ ဒါပေမဲ့ ဒီပုဂ္ဂိုလ်က လုံးဝကို ပျောက်ကွယ်သွားခဲ့တဲ့အလား… “ငါက သေသူတို့၏ မှတ်တမ်းစာအုပ်ရဲ့ ရတနာဝိညာဉ်ပဲလေ… အမှန်ပြောရရင်တော့…. နွီဝါးက နွီဝါးအင်မော်တယ် ဘုံကို စီမံခန့်ခွဲဖို့ ငါ့လက်ထဲ အပ်ခဲ့တာပေါ့…. ငရဲပြည် ပျက်စီးသွားတော့ ငါလည်း ဒီကိုပဲ ပြန်လာခဲ့တော့တယ်လေ…” ချိုင်သခင်လည်း ရယ်မောလိုက်ပါတယ်။ “ဂျိနင်…” ရွှီးဖူတိလည်း နင်ကိုကြည့်လိုက်ပြီး “ချိုင်သခင်နဲ့ မိခင်နွီဝါးအကြား ပတ်သက်မှုဟာ အသက်သုံးချောင်းနဲ့ ၀က်ဝံ၀ါကြီးတို့ ပတ်သက်မှုလိုပဲလေ.. တပည့်နားလည်တယ် မဟုတ်လား…” နင်လည်းခေါင်းညိတ်လိုက်ပါတယ်။ သေသူတို့၏ မှတ်တမ်းစာအုပ်… ဒါက မိခင်နွီဝါး ဖန်ဆင်းခဲ့တဲ့ ရတနာတွေထဲက အကျော်ကြားဆုံးသော ရတနာတစ်ခုပါ… ကံကြမ္မာရဲ့ သွားလာစီးဆင်းမှုနဲ့ ပတ်သက်ပြီး ထိန်းချုပ်နိုင်တဲ့ အံ့မခန်း အစွမ်းကိုပိုင်ဆိုင်ထားတဲ့ မှော်၇တနာလေ… မိခင်နွီဝါးဟာ သူမရဲ့ သွေးချွေးများစွာကို ရင်းနှီးပြီးတော့ ဒီရတနာကို ပြုလုပ်ခဲ့တာပါ… ဒီရတနာကိုလည်း သူမနဲ့အတူ အချိန်ကြာမြင့်စွာ သယ်ဆောင်ထားခဲ့သေးတယ်လေ…. ရတနာရဲ့ ၀ိညာဉ်ဟာ ဒါကြောင့်လည်း မိခင်နွီဝါးနဲ့ အလွန်ရင်းနှီးခဲ့တာပါ… တစ်ကယ်ဆိုရင်လည်း မဟာပုဂ္ဂိုလ်ကြီးတွေဟာ သူတို့မှော်ရတနာတွေရဲ့ ၀ိညာဉ်တွေကို တခြားသော သက်ရှိတွေထက်ပိုပြီး အလေးထားခဲ့ကြတယ် မဟုတ်လား… ဘာဖြစ်လို့လည်းဆိုတော့ ရတနာရဲ့ ၀ိညာဉ်အနေနဲ့ သခင့်စကားကိုပယ်ရှားဖို့ မဖြစ်နိုင်လို့ပါ… သူတို့တွေက အကြွင်းမဲ့သစ္စာရှိသူတွေလေ… “ဟိုအရင်ကတည်းက .. သေသူတို့ရဲ့ မှတ်တမ်းစာအုပ်ကို ဖယ်ခွာပြီးတော့ လွတ်လပ်တဲ့ သက်ရှိအဖြစ် ငါအဆင့်တက်သွားနိုင်ခဲ့တယ်။ ဒါကြောင့် ကျင့်ကြံအားထုတ်နိုင်စွမ်းကိုလည်း ပိုင်ဆိုင်လာခဲ့တယ်။” ချိုင်သခင်က နင်ကိုကြည့်ပြီးတော့ “ပြန်လည်မွေးဖွားခြင်း စက်ဝိုင်းကို စီမံခန့်ခွဲဖို့ ကိုယ်ပွားတစ်ခုကို ငါဖန်ဆင်းခဲ့တယ်လေ… အဲဒီကိုယ်ပွားက မင်းရဲ့ ဇာတိဖြစ်တဲ့ ကမ္ဘာမြေမှာ ပြန်လည်မွေးဖွားပြီး ဘ၀ကို စတင်ခဲ့တယ်။ ဒါကြောင့်လည်း ငါတို့တွေက ဇာတိတူတွေလို့ ပြောခဲ့တာပေါ့… ဟား ဟား…” နင်အဆင့်နိမ့် အားနည်းစဉ်ကတည်းက ဒီအချက်နဲ့ ပတ်သက်ပြီး တစ်ကယ်ကို နားမလည်နိုင်အောင် ဖြစ်ခဲ့တယ်လေ…. ချိုင်နန်းတော်ရှင်ဟာ ကမ္ဘာမြေက တန်မင်းဆက်ခေတ်က လူလို့ ပြောခဲ့တယ် မဟုတ်လား… သူ့အနေနဲ့ သေသူတို့၏ ပထမဆုံး တရာလူကြီး ဖြစ်လာတာ လောလောလတ်လတ်ပဲပေါ့… ဒါပေမဲ့ လောကသုံးပါးရဲ့ မှတ်တမ်းမှာက ချိုင်နန်းတော်ရှင်ဆိုတာ နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာမြင့်ခဲ့တဲ့ အတိတ်အချိန်ကတည်းက ရှိခဲ့တာတဲ့… သူ့ရဲ့ ကျော်ကြားမှုဟာလည်း အခုအချိန်အထိကို ရှိလို့နေဆဲလေ… …. ရွာထဲက ရွာသားအများစုဟာ ဒီတောင်တန်း ဒေသကနေ ထွက်ပြေးလာခဲ့ပြီး ဒီမှာ အခြေစိုက် နေထိုင်ခဲ့ကြတဲ့ စစ်ဘေးရှောင်တွေပါ.. ဒါကြောင့်လည်း တစ်ဦးနဲ့ တစ်ဦး သူစိမ်းဆန်နေခဲ့ကြပါတယ်။ အနည်းစုလောက်ကသာ မိတ်ဆွေဟောင်းတွေ ဖြစ်ခဲ့ဖူးတာပါ… ၀တ်စုံဖြူဝတ်လူငယ်လေးဟာလည်း သူတို့နဲ့ အတူ ရောက်ရှိလာခဲ့ပြီး ဒီမှာပဲ အိမ်ဆောက်အခြေစိုက် နေထိုင်ခဲ့တယ်လေ… ၀တ်စုံဖြူဝတ်လူငယ်လေးဟာလည်း သူတို့လို စစ်ဘေးရှောင်ပဲလို့ တွေးထင်မိခဲ့ကြပါတယ်။ ဒီလိုနဲ့ ၀တ်စုံဖြူဝတ် လူငယ်လေးဟာ ဒီမှာနေထိုင်တာ ငါးနှစ်ကျော်ကြာမြင့်သွားခဲ့ပါပြီ… ဒီလူငယ်လေးဟာ ငါးနှစ်လုံးလုံး နေ့စဉ်ရက်ဆက် ငါးမျှားနေတာကို သူတို့ သတိထားလာမိခဲ့ကြတယ်လေ… သူက မိန်းမချောလေးတွေကိုလည်း ပိုးပန်းခြင်း မရှိခဲ့သလို မိသားစုတစ်ခု တည်ထောင်ဖို့လည်း စိတ်ဝင်စားပုံ မရခဲ့ပါဘူး.. ပြီးတော့ တခြား နယ်ပယ်တွေနဲ့ ပတ်သက်ပြီး သူ့မှာ အရည်အချင်းလည်း မရှိခဲ့သလိုပါ… သူတတ်တာကတော့ တစ်ချိန်လုံးငါးမျှားဖို့ပါ.. ငါးမျှားရင်းနဲ့ပဲ သူ့ရဲ့ ၀မ်းကို ကျောင်းခဲ့ပါတယ်။ “ဒီကောင်လေးက သူ့အတွက် ကောင်းကျိုးရှိမဲ့ အရာကို မသိပေဘူးပဲ… သူ့ကို ငါမိန်းမတောင်းပေးဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ သူ ငြင်းလိုက်တယ်လေ… လီအဘိုးကြီးရဲ့ သမီးလေးက အရမ်းချောတာ.. သူမရဲ့ မိသားစုကလည်း တောင့်တင်းတယ်လေ… သူမက ငါတို့ရွာရဲ့ ထိပ်တန်းအချောအလှ နှစ်ဦးထဲက တစ်ဦးစာရင်းဝင်တာပေါ့.. သူမကိုယ်တိုင် စိတ်ဝင်စားခဲ့တယ်ဆိုတာ ဘယ်လောက်တောင် ကောင်းလိုက်သလဲ.. ဒါပေမဲ့သူ ပြုံးပြုံးလေးနဲ့ ငြင်းဆိုခဲ့တယ်။” အောင်သွယ်တော် အဘွားအိုဟာလည်း မကျေမနပ် ရေရွတ်ရင်း ၀ါးအိမ်ကလေးထဲက ထွက်လာခဲ့ပါပြီ.. သူမအပြင်ကို ရောက်တာနဲ့ ၀ါးအိမ်တံခါးကို ပြင်းပြင်းထန်ထန်ပဲ ဆောင့်ကန်ပြီး ပိတ်လိုက်ပါတော့တယ်။ ဒီအဘွားအို ဆောင့်ကန်လိုက်တဲ့ တံခါးပိုင်ရှင်ကတော့ လောကသုံးပါးရဲ့ အစွမ်းအထက်ဆုံးသော ဖင်းဂေါ့ကြီး တစ်ဦးပါ.. သူမရဲ့အပြုအမူတွေကို ဘယ်လိုပြောရမလဲ… နင်ကတော့ ၀ါးအိမ်တံခါးလေး နံဘေးမှာ ရပ်ရင်းပြုံးပြီးသားကြည့်နေခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ သူ့ရဲ့ ငါးမျှားတံကို ကောက်ကိုင်လိုက်ပြီးတော့ ငါးမျှားဖို့ ထွက်လာခဲ့ပါပြီ…
ဒေါက်တာပန်ဒါ ရေးသားသော စာအုပ်များ
  • ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ်-၁၁)
    1000 Ks
  • ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ စာစဉ် - ချိုင့်ဝှမ်းဒေသထဲက ဂျိကလန် (စာစဉ် - ၁)
    Free
  • ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ်-၄၂)
    1000 Ks
  • ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၃၃)
    1000 Ks
  • ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ်-၃၈) (စာမြည်း)
    Free
  • ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ်-၂၇) (စာမြည်း)
    Free
'သိုင်းစာအုပ်များ' စာအုပ် အမျိုးအစားများ
  • လုရှောင်ဖုန်းနှင့်ပန်းထိုးလျှို့ဝှက်သိုင်းရာဇာ(ဒုတိယပိုင်းဇာတ်သိမ်း)
    500 Ks
  • ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ အဖြူအနက် ကောလိပ် (စာစဉ် ၈)
    1000 Ks
  • ကောင်းကင်တံခါးကို ငါပိတ်မယ် (စာစဉ်-၂)
    1000 Ks
  • ပြိုင်ဘက်ကင်း သိုင်းနတ်ဘုရား (စာစဉ်-၃၆)
    500 Ks
  • နတ်ဆိုးဧကရာဇ် (စာစဉ်-၂)
    Free
  • နဂါးသူရဲကောင်း (စာစဉ်-၂)
    Free
App Download
စာအုပ် အမျိုးအစား
စာရေးဆရာများ