ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ်-၃၂)

ဒေါက်တာပန်ဒါ

1000 Kyats ကျပ်
မီးခိုးရောင် ဝတ်စုံဝတ် လူကြီး နားမလည်နိုင်အောင် ဖြစ်သွားခဲ့ပါတယ်။ “သူက ဘယ်သူလဲ… ကီလိုစတားကျွန်းက လူအားလုံးကိုတော့ ငါသိထားပြီးသားပါ… အာ… ငါကလောကသုံးပါးမှာ ရှိသမျှ အင်ပါရီယာ နတ်ဘုရား အားလုံးလောက်ကို သိပြီးသား မဟုတ်ဘူးလား… ဒါပေမဲ့ ဒီဝတ်စုံဖြူဝတ် လူငယ်လေးက” သူနားမလည်နိုင် ဖြစ်နေပေမဲ့လည်း လအောက် ရေကန်ထဲမှာတော့ အင်ပါရီယာ နတ်ဘုရား နောက်တစ်ဦး ပေါ်ထွက်လာဖို့ အကြောင်းရင်း နှစ်ခုပဲ ရှိတာကိုတော့ သိပါတယ်။ ပထမတစ်နည်းကတော့.. စမ်းသပ်စစ်ဆေးမှုတွေကို ကျော်ဖြတ်လာတဲ့ နည်းပါ။ ဒုတိယ တစ်နည်းကတော့ ကျော်ဖြတ် နိုင်သူနောက် လိုက်လာတာလေ။ “သူက အသစ်ပဲ.. ဒါဆိုရင်.. သူက နတ်ဆိုးဖြတ်လမ်းကို ဖြတ်ကျော်ခဲ့ပြီးပြီပေါ့” မီးခိုးရောင် ဝတ်စုံနဲ့ လူကြီး ရင်ထိတ် သွားခဲ့ပါတယ်။ ဂျိနင် တရားထိုင် နေတာကို သူစောင့်ကြည့် နေခဲ့တယ်လေ။ သွားပြီး မနှောင့်ယှက် ရဲခဲ့ပါဘူး။ ဆယ့်နှစ်ရက်တိတိ သူစောင့်စားခဲ့ပါတယ်။ နောက်ဆုံးမှာတော့ နင်မျက်လုံးကို ဖွင့်လိုက်ပါပြီ။ ရာစုနှစ် တစ်ခုရဲ့ တစ်စစီ ဖြစ်လို့နေတဲ့ ဉာဏ်အလင်းတွေ ဟာလည်း ပြန်လည် ချိတ်ဆက် သွားခဲ့ကြပြီလေ။ သူ့ရဲ့ ဓားကို နားလည်မှုဟာလည်း ပိုပြီးတော့ မြင့်မားလာခဲ့ပါပြီ။ ပြောရရင်… ရတနာငါးပါး ဓားသိုင်းကို အောင်မြင်သွားတဲ့အခါ ဘယ်လို ဖြစ်လာမလဲ ဆိုတာကိုတောင် နင်ရေးတေးတေး အာရုံခံလာမိပါပြီ။ ဒါပေမဲ့လည်း သူ့အနေနဲ့ အဲဒီအဆင့်ကို ရောက်ဖို့ နည်းနည်း လိုနေသေးတာကို သိနေပါတယ်။ မြူနှင်းဝေတဲ့ အချိန်မှာ ပန်းတစ်ပွင့်ကို တွေ့အောင် ရှာရသလိုပဲ အရာရာ ဝေဝါးနေလို့ပါ… ရတနာငါးပါး ဓားသိုင်းကို အပြည့်အဝ နားမလည်နိုင် ဖြစ်နေခဲ့တယ်လေ။
ဒေါက်တာပန်ဒါ ရေးသားသော စာအုပ်များ
  • ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ်-၂၇)
    1000 Ks
  • ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ်-၂၆)
    1000 Ks
  • ကောင်းကင်တံခါးကို ငါပိတ်မယ် (စာစဉ်-၅)
    1000 Ks
  • ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၇)
    Free
  • ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ်-၁၄)
    Free
  • ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ်-၂၄)
    1000 Ks
'အွန်လိုင်းစာပေ' စာအုပ် အမျိုးအစားများ
  • နဂါးသူရဲကောင်း (စာစဉ်-၁၆)
    400 Ks
  • တစ္ဆေစုံထောက် မိန်းကလေး အပိုင်း(က) အခန်း (၁၈)
    400 Ks
  • ဒဏ္ဍာရီထဲက ဖူရှင်း (စာစဉ်-၇၂)
    500 Ks
  • ရှင်သန်ခွင့်နှင့် အခြားဝတ္ထုတိုများ
    600 Ks
  • အသန်မာဆုံးသော အပယ်ခံသား (စာစဉ်-၂၂)
    500 Ks
  • အောင်မြတ်သာနှင့် မောင်းတစ်လုံးမြဒင်
    200 Ks
App Download
စာအုပ် အမျိုးအစား
စာရေးဆရာများ