ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ်-၃၁)

ဒေါက်တာပန်ဒါ

1000 Kyats ကျပ်
လအောက်ရေကန်’ ဗလတောင့်တောင့်နဲ့ ကြေးသံစဉ် ခန္ဓာကိုယ်တစ်ခုလုံးကနေ ရှေးခေတ်ဟောင်းရဲ့ ကြေးဓာတ် အော် ရာအရှိန်အ၀ါတွေ ဖြာထွက်လို့ … သူ အသံတိုးတိုးနဲ့ ပြောလာခဲ့ပါတယ်။ “၈၉ ပါး လျှို့ဝှက်နတ်သိုင်း … ညီလေး ဒက်နော့က အစစ်အမှန် နတ်ဘုရားအဆင့်အောက်မှာ ရှိတဲ့ နံပါတ်တစ် နတ်ဘုရားသိုင်းပညာကို လေ့ကျင့်ထားတာလား၊ ငါကိုယ်တိုင်လည်း ကံကောင်းထောက်မမှု အချို့ကို ရရှိခဲ့ပေမဲ့ .. ငါ့ရဲ့ နတ်ဘုရား ခန္ဓာကိုယ်က ညီလေးဒက်နော့ ခန္ဓာကိုယ်လောက် မမာကျောဘူး။ ဒီတစ်ကြိမ်မှာတော့ ညီလေး ဒက်နော့က ရန်သူတွေရဲ့ တိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်ပေးတဲ့ အစောင့်အရှောက်တာဝန်ကို ယူပေးလိမ့်မယ်” “အမလေး .. ကြေးသံစဉ် .. အကျင့်မကောင်းတဲ့ အကောင်ကြီး … မင်းက သူများကို အသာစီးယူဖို့တော့ တတ်တယ်” “သူက သူ့အရှေ့ကနေ တစ်ဦးဦး ရှေ့ထွက်ရင်ဆိုင်ပေးတဲ့ ဥပဒေသကို နားလည်သွားပြီလေ။ ဟား ဟား ဟား” အားလုံးပဲ ရယ်မောလိုက်ကြပါတယ်။ ကြေးသံစဉ်လည်း သူတို့ကို စိုက်ကြည့်လိုက်ပြီးတော့ “ငါ ဒီလို လုပ်ပေးရတာကလည်း မင်းတို့အားလုံးမှာ မာကျောတဲ့ နတ်ဘုရားခန္ဓာကိုယ် မရှိလို့ပဲလေ။ အရင်တုန်းက ငါအစောင့်အရှောက်တာဝန် ယူထားရတာကလည်း ရွေးချယ်စရာမှ မရှိတာကို။ ငါ့မှာလည်း ကာကွယ်ပေးနိုင်တယ် ဆိုရုံလောက်ပဲ အစွမ်းရှိခဲ့တာ မဟုတ်ဘူးလား။ ဒါပေမဲ့ ဂျိနင်ရဲ့ နတ်ဘုရား ခန္ဓာကိုယ်က ငါ့ခန္ဓာကိုယ်ထက် အများကြီး မာကျောတယ်။ ဒါက ငါတို့ ပြောပြောနေတဲ့ ၈၉ ပါး လျှို့ဝှက်နတ်သိုင်းပဲလေ။ သူ့ခန္ဓာကိုယ်က မဟာသန့်စင်သောယန် မှော်ရတနာလောက်ကို မာကျောသွားပြီ၊ အစစ်အမှန် နတ်ဘုရားတွေ တာအိုဖခင်ကြီးတွေတောင်မှ .. ဒီလို ခန္ဓာကိုယ်ကို ဖျက်ဆီးဖို့ မလွယ်တော့ဘူး” “ကမ္ဘာဦးခေတ်ကတည်းကကော လောကသုံးပါးခေတ်မှာပါ … ၈၉ ပါး လျှိ့ဝှ့က်နတ်သိုင်းကို န၀မမြောက် အဆင့်အထိ ရောက်သွားတဲ့ လူက အရမ်းကို ရှားတယ်။ အောင်မြင်သွားတဲ့ လူတိုင်းဟာ အစစ်အမှန် နတ်ဘုရားကြီးတွေ တာအိုဖခင်ကြီးတွေ အရမ်းကို ချစ်ခင်မြတ်နိုးခဲ့တဲ့ တပည့်သားမြေးတွေပဲလေ။ ဒီလို လူမျိုးက လအောက်ရေကန်ထဲကိုလည်း ဝင်လာဖို့ မလိုလောက်တော့ဘူးထင်တယ်။ ဟုတ်တယ်မလား”
ဒေါက်တာပန်ဒါ ရေးသားသော စာအုပ်များ
  • ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ်-၃၆)
    1000 Ks
  • ကောင်းကင်တံခါးကို ငါပိတ်မယ် (စာစဉ်-၃)
    1000 Ks
  • ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၃၃) (စာမြည်း)
    Free
  • ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ်-၂၈) (စာမြည်း)
    Free
  • ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ အဖြူအနက် ကောလိပ် (စာစဉ် ၈)
    1000 Ks
  • ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ်-၄၅) (စာမြည်း)
    Free
'သိုင်းစာအုပ်များ' စာအုပ် အမျိုးအစားများ
  • နဂါးနိုင်ဓား စာစဉ်-၁
    450 Ks
  • ဒဏ္ဍာရီထဲက ဖူရှင်း (စာစဉ်-၃၆)
    500 Ks
  • ဒဏ္ဍာရီလာ နတ်ဧကရာဇ် (စာစဉ်-၁)
    Free
  • မေတ္တာသားကောင်(တတိယပိုင်း)
    400 Ks
  • ဒဏ္ဍာရီထဲက ဖူရှင်း (စာစဉ်-၄၉ (စာမြည်း)
    Free
  • သစ်ရွက်လိပ်ပြာ သိုင်းလိပ်ပြာ
    600 Ks
App Download
စာအုပ် အမျိုးအစား
စာရေးဆရာများ