အကောင်းမြင်သမား

ကျော်အောင်

800 Kyats ကျပ်
ပြင်သစ်ပြည်ရဲ့ မဟာပညာကျော်အဖွဲ့ဝင်တစ်ဦး၊ သက်ဦးဆံပိုင်ဘုရင်တွေ နိုင်ငံအကြီးအကဲတွေနဲ့ ရင်းနှီးကျွမ်းဝင် ချစ်ခင်မှုရှိသူတစ်ဦး၊ နိုင်ငံအကြီးအကဲတွေက သူတို့နိုင်ငံမှာ လာနေဖို့ တကူးတကဖိတ်ခေါ်ပြီး သူကောင်းပြုခံရသူတစ်ဦးဟာ ကမ္ဘာမှာ အင်မတန်ထင်ရှားတဲ့ သရော်စာရေးသားသူ စာရေးဆရာကြီးတစ်ဦး ဖြစ်နေတယ်ဆိုရင် အံ့သြသွားကြမလား။ မအံ့သြပါနဲ့။ ပြင်သစ်တွေးခေါ်ရှင်လည်းဖြစ်၊ စာပေပညာရှင်နဲ့ သမိုင်းဝင်ပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဗော်လတဲယားဆိုတဲ့ သူပါပဲ။ သူဟာ သရော်စာတွေတင်မကဘဲ ကဗျာတိုရှည်တွေ၊ ပြဇာတ်တွေ၊ နိုင်ငံရေး လူမှုရေး အတွေးအခေါ်စာတမ်းတွေ၊ သမိုင်း ကျမ်းတွေနဲ့ ဝတ္ထုပုံပြင်အမျာအပြားကို ပြုစုခဲ့သူပါ။ ဗော်လတဲယားဟာ သူ့ရဲ့ ဒီကျော်ကြားလှတဲ့ ပညာအတွေး အမြင်တွေကြောင့် သက်ဦးဆံပိုင်ဘုရင်တွေ၊ နိုင်ငံအကြီးအကဲတွေရဲ့ ရင်းနှီးကျွမ်းဝင် ချစ်ခင်အလေးပေးခြင်းကို ခံရသလို သူရဲ့ သရော် စာတွေကြောင့်လည်း အဆိုပါပုဂ္ဂိုလ်များရဲ့ အငြိုအငြင်ကိုခံရသူပါ။ ဒါပေမယ့် သူဟာ လောကရဲ့ အဆီအငေါ်မတည့်မှုတွေကို သရော်စာအဖြစ် ရေးသားပြီး တည့်မတ်ပြုပြင်ဖို့ ဝန်လေး သူမဟုတ်ပါဘူး။ ၁၇၅၉ ခုနှစ်မှ ရေးသားခဲ့တဲ့ ဒီ “အကောင်းမြင်သမား”ဆိုတဲ့ သရော်စာဟာလည်း ထိုကာလဝန်းကျင်တွေမှာ ပြင်သစ်နိုင်ငံ သက်ဦးဆံပိုင်အုပ်စိုးသူတွေနဲ့ အထက်တန်းလွှာတွေ၊ ပြင်သစ်နိုင်ငံတွင်း အဖြစ်အပျက်တွေ၊ အင်္ဂလန်နဲ့ ပြင်သစ်တို့မှာ အထူးကို ခေတ်စားနေတဲ့ အကောင်းမြင်ဝါဒတို့ကို သူ့ထုံးစံအတိုင်း ပြောင်ပြောင်တင်းတင်း သရော်ထားတာပါ။ ထိုကာလဟာ လူထုကို “ပေါင်မုန့်မရှိရင် ကိတ်မုန်စားကြပါလား”ဆိုတဲ့ မိဖုရားခေါင်ကြီး မေရီအင်တွာနက်တို့ရဲ့ခေတ်မို့ ဗော်လတဲယားဟာ ဘာတွေများများ စူးစူးရှရှ ပြောင်ပြောင်တင်းတင်း သရော်ထားသလဲဆိုတာတော့ … ။
ကျော်အောင် ရေးသားသော စာအုပ်များ
  • အိုက်ဗန်၏ နိဂုံးကမ္ပတ်
    800 Ks
  • အကောင်းမြင်သမား
    800 Ks
  • ကမ္ဘာ့ဂန္ထဝင် ၁၀
    800 Ks
  • မာ့က်(စ်)ဝါဒလမ်းညွှန်
    800 Ks
  • လူ့သမိုင်း
    800 Ks
  • ဝတ္ထုတို ၅ ပုဒ်
    600 Ks
'ဘာသာပြန် ရသ/သုတ စာပေ' စာအုပ် အမျိုးအစားများ
  • သစ္စာဖောက်နှင့် ကမ္ဘာကျော်စပိုင်ဇာတ်လမ်းများ
    800 Ks
  • 1Q84 (Chapter-1)
    Free
  • အိပ်မက်ပမာ
    600 Ks
  • ဘဝနေနည်း အနုပညာ
    800 Ks
  • ဗြိတိသျှ ရာဇဝင်အကျဉ်းနှင့် ခေတ်သစ် တရုတ်-ဂျပန် ရာဇဝင်
    600 Ks
  • အချစ်ဆိုတဲ့ ထိုဒုက္ခ
    600 Ks
App Download
စာအုပ် အမျိုးအစား
စာရေးဆရာများ