ဒဏ္ဍာရီထဲက ဖူရှင်း (စာစဉ်-၃၇)

ဦးဝင်းချို

500 Kyats ကျပ်
...“လူစုကြ …” ယန်ချူက အမိန့်ပေးသည်။ သို့သော် သူ၏အနီးမှ တန်ခိုးရှင်များ အားလုံး၏ စိတ်ထဲတွင်ကား ဒွိဟဖြစ်နေကြသည်။ သူတို့က တိုက်ခိုက်ရမည်လော၊ လက်ရှောင် ရမည်လော မသိကြပေ။ “ဘယ်သူမဆို ပြန်တိုက်ခိုက်ရင် ကျုပ်ရန်သူလို့ သတ်မှတ်ပြီး ချမ်းသာပေးမှာ မဟုတ်ဘူး” ရီဖူရှင်းက အေးစက်စွာ ပြောသည်။ ရီဖူရှင်း၏နောက်မှ ဓားသမားများကလည်း ဓားများကို ထုတ်လိုက်ရာ ချက်ချင်းပင် ပတ်ဝန်းကျင် တစ်ခုလုံးက ဓားအရောင်အဝါများဖြင့် ပြည့်နှက်သွားသည်။ ယန်ချူ၏ အမူအရာများက အလွန်အမင်း အေးစက်နေသည်။ သူ၏နောက်ကျောမှ ဓားများထဲမှ ဓားတစ်လက်က ရောင်စဉ်ရောင်ဝါများ တောက်ပလျက် ရှေ့ကိုပျံသန်း လာနေသည်။ ကြောက်မက်ဖွယ် ကောင်းသော ဓားအသိက ကောင်းကင်နှင့် မြေပြင်တစ်ခုလုံးကို ဖြတ်တောက် သွားသည့်အလား ထင်မှတ်ရ၏။ “သူ့ကို သတ်…” ယန်ချူက ရီဖူရှင်းထံကို ဓားကိုညွတ်လျက် ကြိမ်းဝါးသည်တွင် ထောင်ပေါင်း များစွာသော ဓားများက ရီဖူရှင်းထံသို့ တိုးဝင်သွားသည်ဟု ထင်ရသည်။ လူတိုင်းကလည်း လွန်စွာ ကြီးမား ပြင်းထန်သော ဓားအရှိန်အဝါကို ခံစားကြရသည်။ ဧရာမရွှေဓားက သူ၏လမ်းကြောင်း တစ်လျှောက် အရာခပ်သိမ်းကို ဖြတ်တောက် သွား၏။
ဦးဝင်းချို ရေးသားသော စာအုပ်များ
  • ဒဏ္ဍာရီထဲက ဖူရှင်း (စာစဉ်-၆၀) (စာမြည်း)
    Free
  • ဒဏ္ဍာရီထဲက ဖူရှင်း (စာစဉ်-၆၃) (စာမြည်း)
    Free
  • ဒဏ္ဍာရီထဲက ဖူရှင်း (စာစဉ်-၇၄) (စာမြည်း)
    Free
  • ဒဏ္ဍာရီထဲက ဖူရှင်း (စာစဉ်-၇၀)
    500 Ks
  • ဒဏ္ဍာရီထဲက ဖူရှင်း (စာစဉ်-၁)
    Free
  • ဒဏ္ဍာရီထဲက ဖူရှင်း (စာစဉ်-၅၀)
    500 Ks
'အွန်လိုင်းစာပေ' စာအုပ် အမျိုးအစားများ
  • အဆောင်သခင် သိုင်းဘုရင် (စာစဉ်-၁၃)
    500 Ks
  • စစ်သည်တော်၏သစ္စာ (စာစဉ်-၁)
    Free
  • ပြိုင်ဘက်ကင်း သိုင်းနတ်ဘုရား (စာစဉ်-၄၈)
    500 Ks
  • ပြိုင်ဘက်ကင်း သိုင်းနတ်ဘုရား (စာစဉ်-၇၂)
    500 Ks
  • ဒဏ္ဍာရီလာ နတ်ဧကရာဇ် (စာစဉ်-၁၁)
    500 Ks
  • အဆုံးမရှိသောသိုင်းတေးသံ (စာစဉ်-၉)
    1000 Ks
App Download
စာအုပ် အမျိုးအစား
စာရေးဆရာများ