ဒဏ္ဍာရီထဲက ဖူရှင်း (စာစဉ်-၃၀)

ဦးဝင်းချို

500 Kyats ကျပ်
“ဟင်း… ဒါက နည်းနည်း ခက်တယ်…” ရီဖူရှင်းက မည်သို့ အလွယ်တကူ အလိမ်ခံမည်နည်း။ “အစ်ကိုကြီးဖူရှင်း… လင်းအာကို သနားပါလားဟင်…” လောင်လင်းအာ၏ ပါးပြင်အား မျက်ရည်များ စတင် စီးကျလာနေသည်။ ဘဝဆိုတာ ပုံရိပ်ယောင်တစ်ခု သက်သက်ပဲ…။ ရီဖူရှင်းက မိမိကိုယ်ကို တွေးလိုက်ကာ ပြောသည်… “ငါ့ကို လိမ်ဖို့ ကြိုးစားနေတယ် မလား…” မိန်းကလေး၏ မျက်ရည်များက ရုတ်တရက် ပျောက်ကွယ် သွားသည်။ သူမက ရီဖူရှင်း၏လက်ကို လွှတ်လိုက်ကာ အံကြိတ်လျက် ပြောသည်… “ရှင်က နတ်ဗိမာန် အိမ်တော်မှာ နေချင်တယ်လို့ မပြောဘူးလား… တကယ်လို့ ရှင်သာ သင်ပေးမယ်ဆိုရင် ကျွန်မက ရှင့်အတွက် နတ်ဗိမာန် အိမ်တော်ကို လက်ဆောင် ဝယ်ပေးမယ်…” “…” ရီဖူရှင်းက စက္ကန့်အနည်းငယ် တိတ်ဆိတ်သွားကာ မိန်းကလေးအား ပြောသည်… “ငါက ဒီလို လူမျိုးလို့ မင်းထင်လား…” မိန်းကလေးက သူ့အား စိုက်ကြည့်ကာ သူမ၏ပါးစပ်ကို ဟပြီး တစ်စုံတစ်ခု ပြောရန် ဟန်ပြင်လိုက်သည်တွင် ရီဖူရှင်းက ကပျာကယာ ပြောသည်… “ကောင်းပြီ…” ရီဖူရှင်းက ဟန်မဆောင်နိုင်တော့ဘဲ တောက်ပစွာ ပြုံးလိုက်သည်။ သူက မိန်းကလေးအား သင်ခန်းစာတစ်ခု ပေးမည်ဟု ဆုံးဖြတ် ထားသော်လည်း နတ်ဗိမာန်အား ဝယ်ပေးမည်ဟု ကမ်းလှမ်းသည်တွင် ထိုနတ်ဗိမာန်မှ မိန်းကလေး၏ ငေါ့တောတော့ ပုံစံကို ပြန်တွေးမိသည်။
ဦးဝင်းချို ရေးသားသော စာအုပ်များ
  • ဒဏ္ဍာရီထဲက ဖူရှင်း (စာစဉ်-၃)
    Free
  • ဒဏ္ဍာရီထဲက ဖူရှင်း (စာစဉ်-၃၅)
    500 Ks
  • ဒဏ္ဍာရီထဲက ဖူရှင်း (စာစဉ်-၁၁)
    500 Ks
  • ဒဏ္ဍာရီထဲက ဖူရှင်း (စာစဉ်-၁၄)
    500 Ks
  • ဒဏ္ဍာရီထဲက ဖူရှင်း (စာစဉ်-၁၂)
    500 Ks
  • ဒဏ္ဍာရီထဲက ဖူရှင်း (စာစဉ်-၄)
    500 Ks
'သိုင်းစာအုပ်များ' စာအုပ် အမျိုးအစားများ
  • သိုင်းလမ်းကြောင်း သွေးလမ်းကြောင်း (ဇာတ်သိမ်း)
    500 Ks
  • ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ်-၂၇)
    1000 Ks
  • ထိတ်ထိတ်ကြဲလေးယောက်(ပထမပိုင်း)
    500 Ks
  • သတ်ဖြတ်သူ သွေးနတ်ဘုရား(ရှီယန်) (စာစဉ်-၅)
    800 Ks
  • သက်ပေးတာဝန် သွေးတာဝန် (စာစဉ်-၅)
    300 Ks
  • ကြမ္မာစေရာ သိုင်းအမြွှာ (ဒုတိယပိုင်းဇာတ်သိမ်း)
    400 Ks
App Download
စာအုပ် အမျိုးအစား
စာရေးဆရာများ