ဒဏ္ဍာရီထဲက ဖူရှင်း (စာစဉ်-၂၈)

ဦးဝင်းချို

500 Kyats ကျပ်
ယူချင်းက လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လျှင် အရိုးကျိုးသံ နှင့်အတူ ကြမ်းတမ်းသော ကိုယ်ရောင်ကိုယ်ဝါ ထွက်ပေါ်လာသည်။ သူ၏ အကျင့်စရိုက်အရ ရီဖူရှင်းအား တစ်ပါးလူက စော်ကားသည်ကို သူက သည်းမခံနိုင်ပေ။ ယခင်ကဆိုလျှင် သူက ထိုလူများအား တိုက်ခိုက်ပြီး နေလောက်ပြီ ဖြစ်သည်။ သို့သော် ယခု သူတို့က ပြင်ပလောကတွင် ဖြစ်ကာ ခြေတစ်လှမ်း မှားခြင်းက အသတ်ခံရ နိုင်ပေသည်။ သူက သည်းခံကာ သူ၏ဒေါသကို ထိန်းချုပ်ရန် လိုသည်။ ယန်ရီ၏ မျက်လုံးများက နီရဲနေသည်။ သူမက ခါးကုန်းကာ သဘာဝ စွမ်းအင် ကျောက်တုံးများကို စတင် ကောက်ယူသည်။ ထိုအရာက အရှက်ရစရာ ကောင်းသည်ကို သူမသိသည်။ သို့သော် ဘာဖြစ်လဲ။ သူမက ယခင်ကတည်း ဤသို့ အတွေ့အကြုံမျိုး ကြုံဖူးသည်။ ဤသည်များက သူမ၏အစ်ကိုတွင် ရှိသမျှသော ပိုင်ဆိုင်မှုများဖြစ်သည်။ ယန်ရီ၏ပုံစံကို ကြည့်ကာ ရီဖူရှင်းက မသက်မသာ ခံစားရသည်။ သူက ဒူးထောက်ကာ သူမအား ပြုံးလျက် ပြောသည်။ “ရီကလေး… ရတယ်…ဘာမှ မဖြစ်ဘူး” “ဟုတ်ကဲ့…” ယန်ရီက ရီဖူရှင်းအား ပြန်ကြည့်ကာ ပြုံးပြသည်။ သူမ၏ မျက်လုံးများက နီရဲနေသည်။ ရီဖူရှင်းက သူမ၏ မျက်လုံးများမှ မျက်ရည်များကို မြင်ရသည်။ လို့လန်ရွှီနှင့် ရီဝူချင်းတို့ကလည်း ခါးကုန်းကာ သူမအား ကူ၍ သဘာဝစွမ်းအင် ကျောက်တုံးများကို ကောက်ပေးကြသည်။
ဦးဝင်းချို ရေးသားသော စာအုပ်များ
  • ဒဏ္ဍာရီထဲက ဖူရှင်း (စာစဉ်-၂၂)
    500 Ks
  • ဒဏ္ဍာရီထဲက ဖူရှင်း (စာစဉ်-၂၈)
    500 Ks
  • ဒဏ္ဍာရီထဲက ဖူရှင်း (စာစဉ်-၃၂)
    500 Ks
  • ဒဏ္ဍာရီထဲက ဖူရှင်း (စာစဉ်-၇)
    500 Ks
  • ဒဏ္ဍာရီထဲက ဖူရှင်း (စာစဉ်-၂၉)
    400 Ks
  • ဒဏ္ဍာရီထဲက ဖူရှင်း (စာစဉ်-၃၀)
    500 Ks
'သိုင်းစာအုပ်များ' စာအုပ် အမျိုးအစားများ
  • ကောင်းကင်ဘုံ စာကြည့်တိုက် (စာစဉ်-၂၃)
    500 Ks
  • ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ်-၃၁) (စာမြည်း)
    Free
  • မျက်ခုံးလေးခုရှင် လုရှောင်ဖုန့်
    600 Ks
  • တရားပြည့်သူ ဓားနှင့်လူ (စတုတ္ထပိုင်းဇာတ်သိမ်း)
    500 Ks
  • မြင်းဖြူတစ်စီးရှင်သိုင်းဒေဝီသခင်(၁)
    500 Ks
  • အဆုံးမရှိသော သိုင်းတေးသံ (စာစဉ်-၆)
    1000 Ks
App Download
စာအုပ် အမျိုးအစား
စာရေးဆရာများ