မင်းဂရုမစိုက်ရင်
သျှင်မ
600 Kyats ကျပ်
ဂျီဂျီဆိုတဲ့ ကောင်မလေးက မဝတ်တတ် မစားတတ်၊ အူတိအူကြောင်နဲ့ ကောင်မလေး။ ဂျီဂျီဆိုတဲ့ နာမည်တောင် ဘယ်လိုကြောင့် ရထားတယ်မှတ်သလဲ။ အမည်ရင်း နတ်ပန်းချီ ဆိုတဲ့ နာမည် နောက်ဆုံးအလုံးက ချီကို အဖျားဆွတ်ခေါ်တယ်တော့ မထင်နဲ့။ ငယ်ငယ်ကတည်းက ဂျီတိုက်လွန်း၊ မွှေလွန်းတာမို့ ဂျီဂျီဆိုတဲ့ အမည်ကို ပိုင်ဆိုင်ခဲ့သူလေး။ လုပ်လိုက်ရင် တလွဲတချော်ချည်းပဲ။
ကောင်းနဲ့ ဂျီဂျီ စတွေ့တဲ့အချိန်မှာလည်း ဂျီဂျီက ရေမျောကမ်းတင် အခြေအနေ။ နေကာလို့ အမည်ရတဲ့ အဆိုတော်ပေါက်စ သူငယ်ချင်းလေးရယ်၊ ကောင်းဆိုတဲ့ လူရည်သန့်ရယ်၊ သူတို့နှစ်ယောက်အကြား ဂျီဂျီ့နှလုံးသားလေး ဘယ်လို ပျားပန်းခတ် လှုပ်ရှားရမလဲ၊ ဂျီဂျီရဲ့ ဘဝအခြေအနေ အစစ်အမှန်က ဘယ်လိုလဲ၊ မိသားစု အရေးအခင်းတွေ အကြား ဒုက္ခများနေတဲ့ ဂျီဂျီကို ဘယ်သူက မေတ္တာမှန်နဲ့ ကာကွယ်စောင့်ရှောက်မှာလဲ၊ စိတ်ဝင်စားစရာ ရေးဖွဲ့ဖန်တီးထားတဲ့ ဇာတ်အိမ်ခိုင်ခိုင် အချစ်လုံးချင်း ဝတ္ထုရှည်မို့ ဖတ်ကြည့်ကြပါဦးနော်။
သျှင်မ ရေးသားသော စာအုပ်များ
-
သမိုင်းသစ်ကောင်းကင်
600 Ks
-
ရှင့်ကိုချစ်တယ်
600 Ks
-
ငါဟာမင်းအတွက်
600 Ks
-
ကောင်းကင်မွေ့ရာ
600 Ks
-
အမုန်းကွန်
600 Ks
-
သစ္စာရွာသော မိုးကောင်းကင်
600 Ks
Prev
Next
'ပင်ကိုရေး ရသဝတ္ထုများ' စာအုပ် အမျိုးအစားများ