မပြေပေမယ့် ကျေပါတယ်
သျှင်မ
600 Kyats ကျပ်
ချစ်မိုးမွှန် ဆိုတဲ့ ကောင်လေးက ဖြူဖြူချောချောနဲ့ ပြုံးလိုက်တိုင်း ပါးချိုင့်နှစ်ဖက်က ထင်းခနဲမို့ ကောင်မလေးတွေ ကြွေကြရတဲ့ ဘဲတစ်ပွေပေါ့။ မိုးမစဲနဲ့ သူက အစကတော့ သိပ်မရင်းနှီးပါဘူး။ တစ်ရက်မှာ ဘုရားသွားရင်း ဆုံခဲ့ကြရာက သူငယ်ချင်းတွေဖြစ်လာပြီး နောက်ပိုင်းမှာ ချစ်သူအဆင့်ကို လှမ်းတက်ခဲ့ကြသူတွေ။ သူငယ်ချင်း ချစ်သူတွေဆိုတော့ သံယောဇဉ်ကလည်း ခိုင်မာပြီးသား။ ဒါပေမဲ့ ချစ်မိုးမွှန်က ပညတ်သွားရာ ဓာတ်သက်ပါ ဆိုသလိုပဲ နာမည်နဲ့ လူ တကယ်လိုက်တယ်။ တရားဝင် ချစ်သူရှိနေတာတောင် ကောင်မလေးတွေက ချစ်မိုးမွှန်ကို မိုးမွှန်အောင် ချစ်ချင်နေကြတုန်း။
ဒီတော့လည်း ဝမ်းနည်းရသူ၊ ခံစားရသူ၊ သဝန်တိုရသူက မိုးမစဲပဲပေါ့။ ကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်ကြပြီး လုပ်သက်တွေ ရလာချိန်မှာတော့ MD ဒေါ်မာယာဆက်ရဲ့ အခွင့်အရေးပေးမှုတွေနဲ့ ချစ်မိုးမွှန်က ရာထူးတွေ တစ်ဆင့်ပြီးတစ်ဆင့် တက်သွားလိုက်တာ ... မိုးမစဲနဲ့ တခြားစီ။ မိုးမစဲကတော့ အောက်ခြေဝန်ထမ်းဘဝကနေ တစ်ရွေးသားမှ တက်မသွားဘူး။ တစ်နေ့ … ကုမ္ပဏီကားမောင်းဖို့ ဒရိုင်ဘာအသစ်တစ်ယောက် ရောက်လာတယ်။ အကြည့်က စူးရဲရဲ၊ ဆံပင် ဘုတ်သိုက်၊ အဝတ်အစား မသပ်မရပ်ပေမဲ့ သူ့စတိုင်က ဂျစ်ကန်ကန် ခပ်မိုက်မိုက်။ နာမည်က လူတွင်ကျယ်။ ကဲ … ဇာတ်လမ်းအကြောင်း ကြိုမပြောတော့ဘူး။ ချောမောခန့်ညားတဲ့ ချစ်မိုးမွှန်၊ ဂျစ်ကန်ကန် ပေတေတေစတိုင်နဲ့ လူတွင်ကျယ်၊ မျက်ရည်ခဏခဏကျတတ်လွန်းတဲ့ ကလေးဆန်ဆန်ကောင်မလေး မိုးမစဲနဲ့ မင်းသမီးရှုံးအောင်ချောတဲ့ ဒေါ်မာယာဆက်တို့ရဲ့ … အချစ်၊ အကြမ်း၊ အလွမ်း၊ အဆွေးတွေကို ကိုယ်တိုင်ပဲ ရင်တမမနဲ့ ဖတ်ရှုခံစားကြည့်လိုက်ရအောင် !
သျှင်မ ရေးသားသော စာအုပ်များ
'အချစ်၊ အလွမ်း ရသဝတ္ထုစာအုပ်များ' စာအုပ် အမျိုးအစားများ