ပဉ္စလက်မောင်မောင်နှင့် အသူရာတောင်ခရီး

သုဓနု

500 Kyats ကျပ်
"အသီးမှာသရက်၊ အသားမှာဝက်၊ အရွက်မှာလက်ဖက်၊ စုံထောက်မှာအိုင်အိုလွမ်းနောင်၊ ခေတ်သစ်သိုက်ဆရာမှာ ပဉ္စလက်မောင်မောင်" လျှို့ဝှက်ဆန်းကြယ် အံ့သြဘနန်း စွန့်စားခန်း ဇာတ်လမ်းမျိုးကိုမှ ဖတ်ချင်ပါတယ်ဆိုတဲ့ စာချစ်သူတို့အတွက် လူထူးဆန်းကြီး ပဉ္စလက်မောင်မောင် လာပါပြီ။ သူဟာ မောင်မောင်တော့ မောင်မောင်ပါပဲ။ တခြားသော လောကမှာ ရှိကြတဲ့ မောင်မောင်တွေနဲ့ မတူတာက မြန်မာပြည်သူပြည်သားတွေ တိုးတက်ကြီးပွားစေဖို့ အသက်ကို ပဓာနမထားဘဲ စွန့်စားရဲ၊ သေရဲ၊ သတ်ရဲတဲ့ လူစွန့်စား ပဉ္စလက်မောင်မောင်ပါ။ ဆရာသခင် ရသေ့ကြီးရဲ့ ပညာသင်ကြားမှုတွေကို လက်ဝယ်ပိုင်ပိုင်ရပြီး ပညာရပ်မျိုးစုံကို ကျွမ်းကျင်နိုင်နင်းသူတစ်ယောက်ပါ။ ဟိမဝန္တာ၊ အသူရာတောင်ပေါ်မှာရှိတဲ့ ကျောက်ဂူထဲက လျှို့ဝှက်နက်နဲတဲ့ ပညာရပ် (၁၀) မျိုးပါဝင်တဲ့ သီရိသောဒဿရွှေရောင်ပုရပိုက်ကို မာဒင်္ဂဂိုဏ်းနဲ့ မနောမယဂိုဏ်းလက်ထဲကနေ စွန့်စွန့်စားစား ရယူဖို့ သက်စွန့်ဆံဖျား စွန့်စားခဲ့တဲ့ ပဉ္စလက်မောင်မောင်။ အများအကျိုးအတွက်ဆို ကိုယ့်အသက်ကို စွန့်လွှတ်ဖို့ ဝန်မလေးတဲ့ ပဉ္စလက်မောင်မောင်နဲ့အတူ၊ ချစ်သူစောနန်းနွယ်ကို ဆုံးရှုံးလိုက်ရလို့ စိတ်လေလွင့်နေတဲ့ ကိုအောင်ချစ်၊ စွန့်စားဝံ့တဲ့ ကရင်လူမျိုး စောလူ၊ သစ္စာရှိတဲ့ ဂေါ်ရခါးလူမျိုး မာကူဂျီ၊ တစ်ဘဝမှာ တစ်ယောက်သာချစ်ခဲ့ရတဲ့ ချစ်သူ မယဉ်နွယ်အတွက် လက်စားစေချင်နေတဲ့ ရဝမ်လူမျိုး လမ်းပြမုဆိုးလေး ထလျန်းတို့ ပေါင်းစည်းမိကြတဲ့အခါ....
သုဓနု ရေးသားသော စာအုပ်များ
  • အိုင်အိုလွမ်းနောင်နှင့် ကြံတိုင်းအောင် ဆောင်တိုင်းမြောက် လိုတိုင်းရ တတိုင်းရောက် အပိုင်း (၄)
    200 Ks
  • The Mummy စတုတ္ထဧကရာဇ် (Chapter-1)
    Free
  • အိုင်အိုလွမ်းနောင်နှင့် ကြံတိုင်းအောင် ဆောင်တိုင်းမြောက် လိုတိုင်းရ တတိုင်းရောက် အပိုင်း (၃)
    200 Ks
  • The Mummy စတုတ္ထဧကရာဇ် (Chapter-2)
    200 Ks
  • အိုင်အိုလွမ်းနောင်နှင့် မိုးကျရွှေကိုယ်အမှု
    Free
  • အိုင်အိုလွမ်းနောင်နှင့် မနုဿီဟအရှုပ်တော်ပုံ
    500 Ks
'အွန်လိုင်းစာပေ' စာအုပ် အမျိုးအစားများ
  • ဒန်ဆေးနတ်ဘုရား ချန်ရှန် (စာစဉ်-၃၉)
    500 Ks
  • ဒဏ္ဍာရီထဲက ဖူရှင်း (စာစဉ်-၅၇)
    500 Ks
  • တစ္ဆေစုံထောက်မိန်းကလေး အပိုင်း(က) အခန်း(၁၃)
    600 Ks
  • အချစ်ကြွေး (အပိုင်း-၃)
    500 Ks
  • ပြိုင်ဖက်ကင်း သိုင်းဝိညာဉ် (စာစဉ်-၁၉)
    500 Ks
  • အောင်မြတ်သာနှင့် ဦးတိက္ခဆုံခန်း
    200 Ks
App Download
စာအုပ် အမျိုးအစား
စာရေးဆရာများ