ဝိညာဉ်မိစ္ဆာ သွေးသံသရာ

လျှို့ဝှက်လူ

500 Kyats ကျပ်
>> ဂန္ဓာရီပညာရပ်တွေကို အသက်ငယ်ငယ်နဲ့ ထူးချွန်ပေါက်မြောက်တဲ့ လူဆိုတာ ရှားပါတယ်။ ‘ဧည့်သည်’ က အဲဒီ ရှားပါးပါတယ်ဆိုတဲ့ လူတွေထဲကတစ်ယောက်။ သူက တကယ်ထူးခြားတဲ့လူ။ အသက်ငယ်ပေမယ့် တော်ရုံကဝေတွေ၊ မိစ္ဆာတွေလောက်တော့ သူမမှုဘူး။ တစ်နေ့ ... သံစဉ်ညို့ ကဝေစုန်းမျိုးဆက်နွယ်နဲ့ မိစ္ဆာတောင်လိပ်တို့ လူသားတစ်ယောက်ကို ဖမ်းစားဖို့လုပ်နေတုန်း ဧည့်သည် ရောက်လာပြီး ဝင်ကယ်ခဲ့တယ်။ ပြီးတော့ ပညာယှဉ်ကြတာပေါ့။ သူ့ပညာကမြင့်ပေမယ့် သတိမထားမိချိန်မှာ သံစဉ်ညို့ ကဝေရဲ့ အလစ်တိုက်ခိုက်မှုဖြစ်တဲ့ ‘မရဏလောက သံစဉ်အောက်’ ချုပ်မိသွားတဲ့အခါ။ ‘ဧည့်သည်’ဆိုတဲ့ ကောင်လေးရဲ့ သရုပ်မှန်ကဘာလဲ? သူ့ပညာက ဘယ်လောက်အထိ အဆင့်မြင့်လဲ? ငယ်ငယ်ရွယ်ရွယ်နဲ့ ဂန္ဓာရီပညာရပ်တွေကို ဘယ်လိုလုပ်ပြီး ထူးချွန်နေရတာလဲဆိုတဲ့ စိတ်ဝင်စားဖို့ကောင်းတာတွေကို ဖတ်ရမှာပါ။