နှလုံးသားရဲ့password
လွန်းထားထား(ဆေးတက္ကသိုလ်)
800 Kyats ကျပ်
"လူတစ်ယောက်ရဲ့ နှလုံးသားကို ဖွင့်နိုင်ဖို့ဆိုတာ နှလုံးသားချင်းသာ နားလည်နိုင်တဲ့ နှလုံးသားရဲ့ password ကို သိထားမှသာ" တဲ့။ လွန်းထားထား ကတော့ အချစ်ဝတ္ထုတွေမှာဆို ဆရာမက ဆရာမပါပဲ ဆရာမရယ်လို့ ပြောရမှာပဲ။ အခုပဲ ကြည့်။ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးကို နုနုရွရွလေး ဖန်တီးသွားတာ။ အရမ်းချစ်ကြတဲ့ သူငယ်ချင်းကောင်မလေးနှစ်ယောက် ရှိကြတယ်။ "ဘော်" နဲ့ "သည်း"တဲ့။ နာမည်လေးတွေရော လူတွေပါအရမ်းလှပြီး အရမ်းချစ်ကြတာ။
ကံကြမ္မာက ဘော့်ကို "ဇွဲ" ဆိုတဲ့ ကောင်လေးနဲ့ တွေ့ဆုံစေခဲ့တယ်။ အရမ်းချမ်းသာတဲ့ဇွဲက ဘော့်ကို စိတ်ဝင်စားတယ်။ ဘော်ကလည်း ဇွဲကို စိတ်ဝင်စားတယ်။ ဒါပေမဲ့ သည်းက ဒါကိုမသိဘဲ ဇွဲတို့မိသားစုရဲ့ ဘဝနေထိုင်ပုံတွေကို ကြိုက်သွားပြီး၊ ဇွဲရဲ့အမေကို အပီပေါင်း၊ သူ့ဘက်ပါလာအောင် ကြိုးစားခဲ့တယ်။ ဘော်ကလည်း သူငယ်ချင်း သည်းကို ချစ်လွန်းလို့ ဇွဲရဲ့ ချစ်ခွင့်ပန်တာကို ငြင်းပယ်ပြီး နောက်ဆုတ်ပေးခဲ့တယ်။ နောက်ဆုံး စေ့စပ်ပွဲလုပ်ဖြစ်သွားတယ်ပေါ့။
ဘယ်သူနဲ့ လုပ်ဖြစ်သွားတာလဲ။ စေ့စပ်ပွဲကရော အောင်မြင်သွားမှာလား။ သည်းကရော ဘော်အလျော့ပေးသွားတာကို သိသွားသလား။ နောက်ဆုံးနှလုံးသားရဲ့ password ကိုရော ဘယ်သူကသိသွားကြသလဲ။ အရမ်းကောင်းတဲ့ အချစ်ဝတ္ထုလေးမို့ ဝန်ဇင်းမှာ ဖတ်ရှုဖို့ လက်တို့လိုက်ပါရစေ။
လွန်းထားထား(ဆေးတက္ကသိုလ်) ရေးသားသော စာအုပ်များ
-
မြတ်နိုးခြင်းမှ ကင်းလွတ်ရပါလို၏
800 Ks
-
ကောင်းကင်မှာ အရုပ်ရေးတဲ့ကြယ်
800 Ks
-
အနီရောင်ပုလဲတစ်ကုံး
800 Ks
-
မာန၏ နောက်ဆက်တွဲများ
800 Ks
-
ညီမလေးသို့ ကမ္ဘာကျော်တို့ရဲ့ စကားမျာ
500 Ks
-
အမုန်းရဲ့ တခြားမျက်နှာတစ်ဖက်
800 Ks
Prev
Next
'အချစ်၊ အလွမ်း ရသဝတ္ထုများ' စာအုပ် အမျိုးအစားများ