ကောင်းကင်ဘုံအား ဆန့်ကျင်၍ (စာစဉ်-၂)

မှင်ရည်ဖွေရှာ

အခမဲ့
‘ရှောင်နူ ...ငါ ဒီမှာ’ ည၏အမှောင်ထဲတွင် ကျန်းရီသည် သူ့ရှေ့ရှိ အော်ဟစ်ရင်း သူ့ကိုရှာနေသော ပိန်ပါးဖျော့တော့သော ပုံရိပ်လေးကို မြင်လိုက်ရသည်။ သူ၏ နှလုံးသားသည် အပြစ်ရှိမှုနှင့် နာကျင်မှုတို့နှင့် ချက်ချင်းပြည့်နှက်သွားခဲ့သည်။ အတွင်းအားအချို့ကို သူ့ခြေထောက်ဆီ ပို့ဆောင်လိုက်ရင်း ရှောင်နူဆီသို့ ပြေးသွားခဲ့လိုက်သည်။ အဖြူရောင် အစေခံဝတ်ရုံကြီးသည် ရှောင်နူ၏ ပုံရိပ်ကို ပိုမို ဖျော့တော့ပုံပေါ်စေသည်။ ကျန်းရီအသံကို ကြားလိုက်ပြီး သူမဆီ ပြေးလာနေသော အရိပ်ကို မြင်လိုက်သည်နှင့် သူမသည် ချက်ချင်းပြုံးလိုက်ကာ ပြောလာခဲ့သည်။ ‘သခင်လေး... ငါနောက်ဆုံး တော့နင့်ကိုတွေ့ပြီ!... ငါစိတ်ပူနေခဲ့တာ’ ‘ဒီမှာ ဘာများစိုးရိမ်စရာရှိလို့လဲ?... ငတုံးမလေး မင်းသခင်လေးက အတွင်းအားလေ့ကျင့်ရင်း အလုပ်ရှုပ်လွန်းလို့ အချိန်ကိုတောင် မေ့နေတာ’ ကျန်းရီသည် အပြေးသွားလိုက်ပြီး ကျန်းရှောင်နူ၏လက်ကို ဆွဲလိုက်သည်။ သူ့မျက်နှာသည် အပြစ်ရှိမှုများ၊ နောင်တများနှင့် ပြည့်နေခဲ့သည်။ ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး သူအားပါးတရပြုံးလျက် ပြောလာခဲ့သည်။
မှင်ရည်ဖွေရှာ ရေးသားသော စာအုပ်များ
  • ကောင်းကင်ဘုံအား ဆန့်ကျင်၍ (စာစဉ်-၂)
    Free
  • ကောင်းကင်ဘုံအား ဆန့်ကျင်၍ (စာစဉ်-၁)
    Free
'သိုင်းစာအုပ်များ' စာအုပ် အမျိုးအစားများ
  • ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ်-၄၈)
    1000 Ks
  • သိုင်းလောကသံသရာ သိုင်းလောကမေတ္တာ
    500 Ks
  • ကောင်းကင်ဘုံ စာကြည့်တိုက် (စာစဉ်-၂၇)
    500 Ks
  • နှင်းလင်းယုန်အရှင်သခင် (စာစဉ်-၂)
    Free
  • ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (စာစဉ်-၁)
    Free
  • နတ်ဘုရားတို့၏ ဒဏ္ဍာရီ (စာစဉ်-၁၇)
    500 Ks
App Download
စာအုပ် အမျိုးအစား
စာရေးဆရာများ