1Q84 (Chapter-2)

မယ်ကျွိ(မြန်မာပြန်)

အခမဲ့
မြန်မာနိုင်ငံတွင် တစ်ကြိမ်မျှ ပုံနှိပ်ခြင်း မရှိသေးတဲ့ နာမည်ကြီးဝတ္ထုကို ဝန်ဇင်းမှာ ဦးဦးဖျားဖျား ဖတ်ရှုလိုက်ပါ❗ စာဖတ်သူများ ..... - သတိထားပါ။ - မူရာကာမိက စာဖတ်သူကို စတင် အိပ်မွေ့ချနေပါပြီ။ (ဝန်ဇင်း) ⭕ Chapter (1) မှာတုန်းက ‘အာအိုမာမဲ’ … သုံးအုပ်တွဲ ဒီဝတ္ထုကြီးထဲမှာပါတဲ့ အဓိကဇာတ်ကောင်က နှစ်ယောက်ပဲ ရှိတယ်။ တကယ်ကို Main Character က (၂) ယောက်ပဲ ဖြစ်ပါတယ်။ ပထမတစ်ဦးက 'အာအိုမာမဲ' ဆိုတဲ့ ကိုယ်ခံပညာ သင်ကြားရေးဆရာမ လေဒီချောချောတစ်ယောက်နဲ့၊ အခု Chapter (2) မှာ မြင်ရမယ့် ‘တန်ဂို´ ရယ်ပေါ့။ တန်ဂိုဟာ သူ့ စိတ်ထဲ ဝိညာဉ်ထဲမှာ နစ်မြုပ်နေတဲ့ တစ်စုံတစ်ခုကို စာရေးပြီး ဖော်ထုတ် ပြောပြချင်နေသူ။ ဒါပေမဲ့ စာရေးတာနဲ့ ပတ်သက်ပြီး အရည်အချင်း ရှိရဲ့လားဆိုတာတောင် သူ သေချာမသိဘူး။ သိတာတစ်ခုကတော့ နေ့စဉ်ရက်ဆက် အချိန်တော်တော်များများကို စာမရေးဘဲ မနေနိုင်ဘူး ဆိုတာပဲ။ တန်ဂို အတွက်တော့ စာရေးတာဟာ အသက်ရှူသလို ဖြစ်နေတာမျိုးပဲ။ ⭕ မူရာကာမိဟာ သူတို့နှစ်ဦးကို လျှို့ဝှက်နက်ရှိုင်းတဲ့ ဆက်နွယ်မှုမျိုးနဲ့ ချိတ်ဆက်ထားတယ်။ အဓိက ဇာတ်ကောင် (၂) ဦးထဲနဲ့ သုံးအုပ်တွဲ Trilogy ဝတ္ထုကြီးကို ရေးဖွဲ့နိုင်စွမ်းကတော့၊ The New York Times နဲ့ The Washington Post တို့လို၊ Los Angeles Times နဲ့ The San Francisco Chronicle တို့လို တကယ့် သြဇာရှိ သတင်းစာကြီးတွေနဲ့ စာဖတ်သူတွေက အခုလို မှတ်ချက်ပေးကြရတဲ့အထိပဲ။ အဲ့ဒါကတော့ “ဒီစာအုပ်ကို စဖတ်လိုက်တာနဲ့ တစ်ပြိုင်နက် စာဖတ်သူဟာ ဝတ္ထုဆုံးသွားတဲ့အထိ တခြား ဘာမှလုပ်ချင်စိတ်မရှိတော့ဘဲ စာအုပ်ကိုပဲ စိတ်ရောက်နေတယ်၊ ဒီဝတ္ထုထဲကို စာဖတ်သူက အိပ်မက်ဆန်တဲ့ လွင့်မျောမှုမျိုးနဲ့ မျောပါသွားရော” တဲ့ ... ။ Chapter (1) > 'အာအိုမာမဲ' အခန်းမှာ စာဖတ်သူကို ထူးဆန်းတဲ့ ပဟေဠိတွေနဲ့ ချန်ထားခဲ့တယ်။ အခု Chapter (2) မှာတော့ တန်ဂိုနဲ့ မိတ်ဆက်ပေးလိုက်ပြီ။ တခြား ဇာတ်ကောင်တွေကပါ တဖြည်းဖြည်းနဲ့ ပါဝင်လာပြီ။ ‘ကိုမတ်ဆု’ ဆိုတဲ့ အယ်ဒီတာတစ်ဦးနဲ့ ‘ဖူကာအီရိ’ ဆိုတဲ့ (၁၇) နှစ်အရွယ် ချစ်စရာကောင်မလေးတစ်ယောက်။ - သတိထားပါ။ - မူရာကာမိက စာဖတ်သူကို စတင် အိပ်မွေ့ချနေပါပြီ။ - ဒီအခန်းကစလို့ 1Q84 ဝတ္ထုကြီးထဲမှာ နစ်မျောသွားတော့မှာ။ ⏩ ဂရုတစိုက်ဖတ်ကြည့်ပါ။ ဝတ္ထုထဲက တစ်ခန်းချင်းစီတိုင်းမှာရှိနေတဲ့ အသေးစိတ် အဖြစ်အပျက်တိုင်းက အရမ်းပဲ စိတ်ဝင်စားဖို့ ကောင်းနေတာ တွေ့ရလိမ့်မယ်။ တချို့ အရာတွေက နားလည်ဖို့ ခက်သလိုလိုနဲ့ အင်မတန်ကို ရိုးရှင်းတယ်။ အဖြစ်အပျက်တွေက ဆန်းတယ်။ တချို့အခန်းတွေကိုတော့ *အရွယ်ရောက်ပြီးသူတွေ* အနေနဲ့ ဖတ်ရတာ စိတ်ကသိကအောက်ဖြစ်မှာ မဟုတ်ပါဘူး။
မယ်ကျွိ(မြန်မာပြန်) ရေးသားသော စာအုပ်များ
  • 1Q84 (Chapter-20)
    400 Ks
  • 1Q84 (Chapter-17)
    400 Ks
  • 1Q84 (Chapter-3)
    400 Ks
  • 1Q84 (Chapter-10)
    400 Ks
  • 1Q84 (Chapter-11)
    400 Ks
  • 1Q84 (Chapter-22)
    400 Ks
'ဘာသာပြန် ရသ/သုတ စာပေ' စာအုပ် အမျိုးအစားများ
  • ဟန်ဆောင်ချစ်သူ (စာစဉ်-၂)
    500 Ks
  • အထွတ်အထိပ်
    800 Ks
  • နွယ်
    800 Ks
  • ဗမာ့စောင်း
    800 Ks
  • 1Q84 (Chapter-1-13) (စုစည်းမှု)
    1500 Ks
  • လက်နှစ်ဖက်ပြတ် အလွတ်စုံထောက်
    800 Ks
App Download
စာအုပ် အမျိုးအစား
စာရေးဆရာများ