1Q84 (Chapter-18)

မယ်ကျွိ(မြန်မာပြန်)

400 Kyats ကျပ်
တော်တော်လှတာကွ။ မုန့်ဖိုထဲက ထုတ်လာခါစ အသစ်စက်စက်လေး အတိုင်းပဲ။ သူတကယ် အောင်မြင်မှကွ မင်းသိလား။ အရမ်းတော်တဲ့ စာရေးဆရာမလေးပေါ့။ လှတယ်။ စကားပြောပုံ နည်းနည်း ထူးဆန်းပေမဲ့ တော်တယ်။ သူက သာမန်လူ မဟုတ်ဘူးကွ၊ အဲဒါကို သူ့ဆီမှာ တွေ့ရတယ်။ စာရေးဆရာတွေ အများကြီးရဲ့ ပွဲဦးထွက်ကို ငါတွေ့ဖူးတယ်။ သူကတော့ တမူထူးတယ်။ ငါတယောက်ယောက်ကို ထူးခြားတယ်လို့ ပြောရင် သူက တကယ်ကို ထူးခြားလို့ကွ။ မဂ္ဂဇင်းတိုက်က လေပိုးမျှင်အိမ်ကို နောက်အပတ်ဆိုရင် စာအုပ်ဆိုင်တွေကို ဖြန့်ပြီ။ ဘယ်လို လောင်းကြေးနဲ့ ဖြစ်ဖြစ် ငါလောင်းရဲတယ် … ဘယ်ဘက်လက် တဖက်ရယ်၊ ညာဘက် ခြေထောက်ရယ်နဲ့တောင် လောင်းကြေး ထပ်ရဲသေးတယ်။ သုံးရက်အတွင်း စာအုပ် ရောင်းကုန်လိမ့်မယ်” စနေနေ့ ညနေ သတင်းစာရဲ့ စာပေရေးရာ ကော်လံမှာတော့ လေပိုးမျှင်အိမ် အကြောင်းကို အလေးထား ရေးထားတယ်။ မဂ္ဂဇင်းတွေ တရက်တည်း ရောင်းကုန်သွားတဲ့ အကြောင်းရောပေါ့။ စာပေ ဝေဖန်ရေးတွေကလည်း သူတို့ အမြင်တွေကို ထုတ်ရေးတယ်။ အကောင်းဘက်က ရေးထားတာတွေပဲ။ စာမူဟာ အရေးအသား စတိုင်မှာ အင်အား အပြည့်ရှိတယ်၊ ခံစားမှု အားကောင်းသလို၊ စိတ်ကူးကွန့်မြူး နိုင်စွမ်းလည်း ကြွယ်ဝလှတယ်။ ဒီလိုစာမူကို ဆယ့်ခုနစ်နှစ်သမီး တယောက်က ရေးထားတယ်ဆိုတာ ယုံရတောင် ခပ်ခက်ခက်ပဲ။ စာပေရေးသားဟန် အသစ်တောင် ဖြစ်လာနိုင်တဲ့ အနေအထား ရှိသေးတယ်။
မယ်ကျွိ(မြန်မာပြန်) ရေးသားသော စာအုပ်များ
  • 1Q84 (Chapter-11)
    400 Ks
  • 1Q84 (Chapter-14)
    400 Ks
  • 1Q84 (Chapter-1)
    Free
  • 1Q84 (Chapter-2)
    Free
  • 1Q84 (Chapter-6)
    400 Ks
  • 1Q84 (Chapter-24)
    400 Ks
'ဘာသာပြန် ရသ/သုတ စာပေ' စာအုပ် အမျိုးအစားများ
  • ချစ်ဆိပ်ရည်
    1000 Ks
  • ရွှေပြည်တော်မျှော်တိုင်းဝေး(ဒုတိယတွဲ)
    800 Ks
  • သုံးဖော်ညီနောင်
    800 Ks
  • ဣတ္ထိယအားမာန်
    1000 Ks
  • ဖောရက်စ်ဂမ့်
    1000 Ks
  • ဒက်ဇယ်လာ
    600 Ks
App Download
စာအုပ် အမျိုးအစား
စာရေးဆရာများ